ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10:23-33 Myanmar Standard Bible (MSB)

23. ယေ​ရှု​သည် ဗိ​မာန်​တော်​၌​ရှိ​သော ရှော​လ​မုန်​မုခ်​ဆောင်​တွင် ကြွ​တော်​မူ​စဉ်

24. ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​ဝိုင်း​ရံ​လျက် “သင်​သည် အ​ကျွန်ုပ်​တို့​၏​စိတ်​ကို မည်​မျှ​ကြာ​အောင် ဒွိ​ဟ​ဖြစ်​စေ​မည်​နည်း။ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် အ​ကျွန်ုပ်​တို့​အား အ​တိ​အ​လင်း​ပြော​ပါ”​ဟု ဆို​ကြ​၏။

25. ယေ​ရှု​က​လည်း “သင်​တို့​ကို ငါ​ပြော​ခဲ့​သော်​လည်း သင်​တို့​မ​ယုံ​ကြည်​ကြ။ ငါ့​ခ​မည်း​တော်​၏​နာ​မ​တော်​အား​ဖြင့် ငါ​ပြု​နေ​သော​အ​မှု​များ​သည် ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​လျက်​ရှိ​၏။

26. သို့​သော် သင်​တို့​မ​ယုံ​ကြည်​ကြ။ မ​ယုံ​ကြ​သည့်​အ​ကြောင်း​ကား သင်​တို့​သည် ငါ့​သိုး​မ​ဟုတ်​ကြ​သော​ကြောင့်​ဖြစ်​၏။

27. ငါ့​သိုး​တို့​သည် ငါ့​အ​သံ​ကို​နား​ထောင်​ကြ​၏။ ငါ​သည်​လည်း သူ​တို့​ကို​သိ​၍ သူ​တို့​သည် ငါ့​နောက်​သို့​လိုက်​ကြ​၏။

28. ငါ​သည် သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​၍ သူ​တို့​သည် ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ မ​ပျက်​စီး​ရ။ မည်​သူ​မျှ သူ​တို့​ကို ငါ့​လက်​ထဲ​မှ​လု​ယူ​၍​မ​ရ​နိုင်။

29. သူ​တို့​ကို ငါ့​အား​ပေး​အပ်​တော်​မူ​သော​ငါ့​ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ မည်​သူ​မျှ သူ​တို့​ကို ခ​မည်း​တော်​၏​လက်​ထဲ​မှ​မ​လု​ယူ​နိုင်။

30. ငါ​နှင့်​ခ​မည်း​တော်​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

31. ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို ခဲ​နှင့်​ပေါက်​သတ်​ရန် ကျောက်​ခဲ​တို့​ကို​ကောက်​ယူ​ကြ​ပြန်​၏။

32. ယေ​ရှု​က​လည်း “ငါ​သည် ခ​မည်း​တော်​ထံ​မှ ကောင်း​သော​အ​မှု​များ​စွာ​တို့​ကို သင်​တို့​အား​ပြ​သ​ခဲ့​၏။ ၎င်း​တို့​ထဲ​မှ မည်​သည့်​အ​မှု​ကြောင့် ငါ့​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​နည်း”​ဟု သူ​တို့​အား​မေး​တော်​မူ​လျှင်

33. ဂျူး​လူ​မျိုး​တို့​က “ကောင်း​သော​အ​မှု​ကြောင့် သင့်​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​နှင့်​ပင် သင့်​ကိုယ်​သင် ဘု​ရား​အ​ယောင်​ဆောင်​၍ ဘု​ရား​သ​ခင်​ကို​စော်​ကား​သော​ကြောင့်​ဖြစ်​၏”​ဟု ပြန်​ပြော​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10