ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10:1-7 Myanmar Standard Bible (MSB)

1. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သိုး​ခြံ​ထဲ​သို့ တံ​ခါး​ပေါက်​မှ​မ​ဝင်​ဘဲ အ​ခြား​နည်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူ​ခိုး၊ ဓား​ပြ​ဖြစ်​၏။

2. တံ​ခါး​ပေါက်​မှ​ဝင်​သော​သူ​မူ​ကား သိုး​တို့​၏​သိုး​ထိန်း​ဖြစ်​၏။

3. တံ​ခါး​စောင့်​သည် သူ့​ကို တံ​ခါး​ဖွင့်​ပေး​တတ်​၏။ သိုး​တို့​သည် သူ​၏​အ​သံ​ကို​နား​ထောင်​တတ်​ကြ​၏။ သူ​သည် မိ​မိ​၏​သိုး​တို့​ကို နာ​မည်​ဖြင့်​ခေါ်​၍ ထုတ်​ဆောင်​တတ်​၏။

4. မိ​မိ​၏​သိုး​ရှိ​သ​မျှ​တို့​ကို ထုတ်​ပြီး​သော​အ​ခါ သိုး​တို့​ရှေ့​မှ​သွား​တတ်​၏။ သိုး​တို့​သည်​လည်း သူ့​အ​သံ​ကို​သိ​သော​ကြောင့် သူ့​နောက်​သို့​လိုက်​သွား​တတ်​ကြ​၏။

5. သူ​စိမ်း​တို့​၏​အ​သံ​ကို​မူ မ​သိ​ကြ​သော​ကြောင့် သူ​စိမ်း​နောက်​သို့ မည်​သည့်​အ​ခါ​မျှ မ​လိုက်​သည်​သာ​မ​က သူ​စိမ်း​ထံ​မှ ထွက်​ပြေး​တတ်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

6. ယေ​ရှု​သည် ဤ​ပုံ​ဥ​ပ​မာ​ကို လူ​တို့​အား​မိန့်​တော်​မူ​သော်​လည်း မည်​သည့်​အ​ကြောင်း​အ​ရာ​များ​မိန့်​တော်​မူ​သည်​ကို သူ​တို့​နား​မ​လည်​ကြ။

7. ထို့​ကြောင့် တစ်​ဖန် ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံ​ခါး​ပေါက်​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10