ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:35-39 Myanmar Standard Bible (MSB)

35. နောက်​တစ်​နေ့​၌ ယော​ဟန်​သည် တစ်​ဖန် မိ​မိ​၏​တ​ပည့်​နှစ်​ဦး​တို့​နှင့်​အ​တူ ရပ်​နေ​စဉ်

36. ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​၍ “ကြည့်​လော့။ ဘု​ရား​သ​ခင်​၏​သိုး​သ​ငယ်​တော်​ပေ​တည်း”​ဟု ဆို​၏။

37. ထို​သို့ ယော​ဟန်​ပြော​ဆို​သည်​ကို တ​ပည့်​နှစ်​ဦး​တို့​သည်​ကြား​လျှင် ယေ​ရှု​နောက်​တော်​သို့​လိုက်​သွား​ကြ​၏။

38. ယေ​ရှု​သည်​လှည့်​၍ ထို​သူ​တို့​လိုက်​လာ​ကြ​သည်​ကို​မြင်​လျှင် “မည်​သည့်​အ​ရာ​ကို​အ​လို​ရှိ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​၏။ ထို​သူ​တို့​က​လည်း “ရဗ္ဗိ၊ ကိုယ်​တော်​အ​ဘယ်​မှာ​နေ​တော်​မူ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။ (ရဗ္ဗိ​၏​အ​ဓိပ္ပာယ်​မှာ ဆ​ရာ​ဟူ​၍​ဖြစ်​၏။)

39. ယေ​ရှု​က “လာ​ကြ​လော့။ သင်​တို့​သိ​မြင်​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​လိုက်​သွား​၍ နေ​တော်​မူ​ရာ​အ​ရပ်​ကို​တွေ့​မြင်​ကြ​ပြီး ထို​နေ့​၌ ကိုယ်​တော်​နှင့်​အ​တူ​နေ​ခဲ့​ကြ​၏။ ထို​အ​ချိန်​ကား ည​နေ​လေး​နာ​ရီ​ခန့်​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1