ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:32-40 Myanmar Standard Bible (MSB)

32. တစ်​ဖန် ယော​ဟန်​သည် သက်​သေ​ခံ​သည်​ကား “ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကောင်း​ကင်​မှ​ဆင်း​သက်​၍ သူ့​အ​ပေါ်​၌​တည်​တော်​မူ​သည်​ကို ငါ​မြင်​ရ​ပြီ။

33. ငါ​သည်​လည်း အ​စ​က သူ့​ကို​မ​သိ။ သို့​ရာ​တွင် ရေ​၌​ဗတ္တိ​ဇံ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​က ‘တစ်​စုံ​တစ်​ဦး​အ​ပေါ်​သို့ ဝိ​ညာဉ်​တော်​ဆင်း​သက်​၍ သူ့​အ​ပေါ်​၌​တည်​တော်​မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၌ ဗတ္တိ​ဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း

34. ငါ​မြင်​ရ​သ​ဖြင့် ဤ​သူ​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ကြောင်း​ကို ငါ​သက်​သေ​ခံ​သည်”​ဟု ဆို​လေ​၏။

35. နောက်​တစ်​နေ့​၌ ယော​ဟန်​သည် တစ်​ဖန် မိ​မိ​၏​တ​ပည့်​နှစ်​ဦး​တို့​နှင့်​အ​တူ ရပ်​နေ​စဉ်

36. ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​၍ “ကြည့်​လော့။ ဘု​ရား​သ​ခင်​၏​သိုး​သ​ငယ်​တော်​ပေ​တည်း”​ဟု ဆို​၏။

37. ထို​သို့ ယော​ဟန်​ပြော​ဆို​သည်​ကို တ​ပည့်​နှစ်​ဦး​တို့​သည်​ကြား​လျှင် ယေ​ရှု​နောက်​တော်​သို့​လိုက်​သွား​ကြ​၏။

38. ယေ​ရှု​သည်​လှည့်​၍ ထို​သူ​တို့​လိုက်​လာ​ကြ​သည်​ကို​မြင်​လျှင် “မည်​သည့်​အ​ရာ​ကို​အ​လို​ရှိ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​၏။ ထို​သူ​တို့​က​လည်း “ရဗ္ဗိ၊ ကိုယ်​တော်​အ​ဘယ်​မှာ​နေ​တော်​မူ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။ (ရဗ္ဗိ​၏​အ​ဓိပ္ပာယ်​မှာ ဆ​ရာ​ဟူ​၍​ဖြစ်​၏။)

39. ယေ​ရှု​က “လာ​ကြ​လော့။ သင်​တို့​သိ​မြင်​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​လိုက်​သွား​၍ နေ​တော်​မူ​ရာ​အ​ရပ်​ကို​တွေ့​မြင်​ကြ​ပြီး ထို​နေ့​၌ ကိုယ်​တော်​နှင့်​အ​တူ​နေ​ခဲ့​ကြ​၏။ ထို​အ​ချိန်​ကား ည​နေ​လေး​နာ​ရီ​ခန့်​ဖြစ်​၏။

40. ယော​ဟန်​၏​စ​ကား​ကို​ကြား​၍ နောက်​တော်​သို့​လိုက်​သွား​သော​သူ​နှစ်​ဦး​ထဲ​မှ​တစ်​ဦး​သည် ရှိ​မုန်​ပေ​တ​ရု​၏​ညီ​အန္ဒြေ​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1