22. သံသယရှိသောသူတို့အပေါ်ကရုဏာထားကြလော့။
23. အချို့သောသူတို့ကို မီးထဲမှဆွဲထုတ်ကယ်တင်ကြလော့။ အချို့တို့ကိုမူ သူတို့၏ သွေးသားဇာတိဖြင့်ညစ်ညူးစွန်းထင်းနေသောအင်္ကျီကိုပင်ရွံမုန်းလျက် ကြောက်ရွံ့သောစိတ်နှင့်တကွ သူတို့ကိုကရုဏာထားကြလော့။
24. သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော
25. ငါတို့၏ကယ်တင်ရှင်၊ တစ်ဆူတည်းသောဘုရားသခင်၌ ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်တော်၊ တန်ခိုးအရှိန်အဝါနှင့် အာဏာစက်တို့သည် ယခင်ကာလအစဉ်အဆက်၊ ယခုကာလနှင့် နောင်လာမည့်ကာလအစဉ်အဆက်ရှိတော်မူပါစေသော။ အာမင်။