ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ 1:14-25 Myanmar Standard Bible (MSB)

14. အာ​ဒံ​မှ ခု​နစ်​ဆက်​မြောက်​သော​မျိုး​ဆက်​ဖြစ်​သည့် ဧ​နောက်​သည်​လည်း သူ​တို့​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​ပြု​ဟော​ပြော​လျက် “ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​တိုင်း​မ​သိ​များ​စွာ​သော မိ​မိ​၏​သန့်​ရှင်း​သူ​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​လိမ့်​မည်။

15. ဤ​သည်​ကား လူ​အ​ပေါင်း​တို့​ကို​တ​ရား​စီ​ရင်​ရန်​နှင့် ဘု​ရား​တ​ရား​မဲ့​စွာ​ဖြင့်​ပြု​ခဲ့​သော​သူ​တို့​၏​ဘု​ရား​တ​ရား​မဲ့​ခြင်း​အ​မှု​အ​လုံး​စုံ​အ​တွက်​လည်း​ကောင်း၊ ဘု​ရား​တ​ရား​မဲ့​သော​အ​ပြစ်​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​ဆန့်​ကျင်​ပြော​ဆို​သည့် ပြင်း​ထန်​သော​စ​ကား​အ​လုံး​စုံ​အ​တွက်​လည်း​ကောင်း သူ​တို့​အား​လုံး​၏​အ​ပြစ်​ကို​ဖော်​ပြ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။

16. သူ​တို့​သည် ညည်း​ညူ​တတ်​သော​သူ၊ သူ​တစ်​ပါး​၏​အ​ပြစ်​ကို​ရှာ​တတ်​သော​သူ​ဖြစ်​ကြ​ပြီး မိ​မိ​တို့​၏​တပ်​မက်​ခြင်း​အ​တိုင်း လျှောက်​လှမ်း​နေ​ကြ​၏။ သူ​တို့​၏​နှုတ်​သည်​လည်း ချဲ့​ထွင်​ဝါ​ကြွား​ပြော​ဆို​တတ်​၍ ကိုယ်​ကျိုး​အ​တွက် လူ​တို့​ကို​မြှောက်​ပင့်​တတ်​ကြ​၏။

17. ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူ​ကား ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​တ​မန်​တော်​များ ကြို​တင်​ပြော​ထား​ခဲ့​သော​စ​ကား​တို့​ကို သ​တိ​ရ​ကြ​လော့။

18. သူ​တို့​က “နောက်​ဆုံး​သော​ကာ​လ​၌ မိ​မိ​တို့​၏​ဘု​ရား​တ​ရား​မဲ့​ခြင်း​နှင့်​ဆိုင်​သော တပ်​မက်​ခြင်း​များ​အ​တိုင်း​လျှောက်​လှမ်း​သည့် ပြက်​ရယ်​ပြု​တတ်​သော​သူ​များ ပေါ်​လာ​ကြ​လိမ့်​မည်”​ဟု သင်​တို့​အား ပြော​ထား​ခဲ့​ကြ​၏။

19. ထို​သူ​တို့​သည် ကွဲ​ပြား​မှု​ကို​ဖြစ်​စေ​သော​သူ၊ ဇာ​တိ​နှင့်​ဆိုင်​သော​သူ၊ ဝိ​ညာဉ်​တော်​ကို​မ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။

20. ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူ​ကား မိ​မိ​တို့​၏​အ​လွန်​သန့်​ရှင်း​သော​ယုံ​ကြည်​ခြင်း​အ​ပေါ်​၌ မိ​မိ​တို့​ကိုယ်​ကို​တည်​ဆောက်​လျက် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ဆု​တောင်း​ကြ​လော့။

21. ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​၌ မိ​မိ​ကိုယ်​ကို​စောင့်​ထိန်း​၍ ထာ​ဝ​ရ​အ​သက်​သို့​ပို့​ဆောင်​သည့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​က​ရု​ဏာ​တော်​ကို စောင့်​မျှော်​ကြ​လော့။

22. သံ​သ​ယ​ရှိ​သော​သူ​တို့​အ​ပေါ်​က​ရု​ဏာ​ထား​ကြ​လော့။

23. အ​ချို့​သော​သူ​တို့​ကို မီး​ထဲ​မှ​ဆွဲ​ထုတ်​ကယ်​တင်​ကြ​လော့။ အ​ချို့​တို့​ကို​မူ သူ​တို့​၏ သွေး​သား​ဇာ​တိ​ဖြင့်​ညစ်​ညူး​စွန်း​ထင်း​နေ​သော​အင်္ကျီ​ကို​ပင်​ရွံ​မုန်း​လျက် ကြောက်​ရွံ့​သော​စိတ်​နှင့်​တ​ကွ သူ​တို့​ကို​က​ရု​ဏာ​ထား​ကြ​လော့။

24. သင်​တို့​အား မှား​ယွင်း​ခြင်း​နှင့်​ကင်း​စေ​ရန် စောင့်​ရှောက်​နိုင်​စွမ်း​ရှိ​တော်​မူ​၍ သင်​တို့​ကို အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​လျက် ရွှင်​မြူး​သော​စိတ်​ဖြင့် ဘုန်း​အ​သ​ရေ​တော်​ရှေ့​၌​ရပ်​စေ​နိုင်​သော

25. ငါ​တို့​၏​ကယ်​တင်​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​၌ ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ဘုန်း​အ​သ​ရေ​တော်၊ အာ​နု​ဘော်​တော်၊ တန်​ခိုး​အ​ရှိန်​အ​ဝါ​နှင့် အာ​ဏာ​စက်​တို့​သည် ယ​ခင်​ကာ​လ​အ​စဉ်​အ​ဆက်၊ ယ​ခု​ကာ​လ​နှင့် နောင်​လာ​မည့်​ကာ​လ​အ​စဉ်​အ​ဆက်​ရှိ​တော်​မူ​ပါ​စေ​သော။ အာ​မင်။

ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ 1