ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 4:12-17 Myanmar Standard Bible (MSB)

12. ပ​ညတ်​တ​ရား​ကို​ပေး​သော​သူ၊ တ​ရား​စီ​ရင်​သော​သူ​သည် တစ်​ပါး​တည်း​ရှိ​တော်​မူ​ပြီး ထို​အ​ရှင်​သည် ကယ်​တင်​နိုင်​စွမ်း​ရှိ​၍ ဖျက်​ဆီး​နိုင်​စွမ်း​လည်း​ရှိ​တော်​မူ​၏။ သင်​မူ​ကား မည်​သူ​ဖြစ်​၍ မိ​မိ​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို​စီ​ရင်​ရ​သ​နည်း။

13. “ယ​နေ့ သို့​မ​ဟုတ် မ​နက်​ဖြန်​တွင် ဤ​မြို့ သို့​မ​ဟုတ် ထို​မြို့​သို့​သွား​၍ ထို​အ​ရပ်​၌ တစ်​နှစ်​ပတ်​လုံး​နေ​လျက် ကူး​သန်း​ရောင်း​ဝယ်​ကာ အ​မြတ်​ရ​အောင်​လုပ်​ကြ​မည်”​ဟု ဆို​တတ်​သော​သူ​တို့၊ ယ​ခု​နား​ထောင်​ကြ​လော့။

14. သင်​တို့​သည် မ​နက်​ဖြန် မည်​သို့​ဖြစ်​မည်​ကို မ​သိ​ကြ။ သင်​တို့​၏​အ​သက်​သည် မည်​သို့​သော​အ​ရာ​ဖြစ်​သ​နည်း။ သင်​တို့​သည် ခေတ္တ​ခ​ဏ​ပေါ်​လာ​ပြီး​နောက် ပျောက်​ကွယ်​သွား​တတ်​သော အ​ခိုး​အ​ငွေ့​ဖြစ်​ကြ​၏။

15. ထို့​ကြောင့် “ထာ​ဝ​ရ​ဘု​ရား​အ​လို​တော်​ရှိ​လျှင် ငါ​တို့​သည် အ​သက်​ရှင်​၍ ဤ​အ​မှု သို့​မ​ဟုတ် ထို​အ​မှု​ကို​ပြု​ကြ​မည်”​ဟု​သာ သင်​တို့​ဆို​သင့်​၏။

16. သို့​သော် ယ​ခု သင်​တို့​သည် ဟိတ်​ဟန်​ထုတ်​လျက် ဝါ​ကြွား​နေ​ကြ​၏။ ထို​သို့​သော​ဝါ​ကြွား​ခြင်း​ဟူ​သ​မျှ​သည် မ​ကောင်း​သော​အ​မှု​ဖြစ်​၏။

17. သို့​ဖြစ်​၍ မည်​သူ​မ​ဆို ကောင်း​သော​အ​မှု​ကို​လုပ်​ဆောင်​ရန် သိ​လျက်​နှင့်​မ​လုပ်​ဘဲ​နေ​လျှင် သူ့​အ​တွက်​အ​ပြစ်​ဖြစ်​၏။

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 4