ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 3:5-10 Myanmar Standard Bible (MSB)

5. ထို​နည်း​တူ လျှာ​သည်​လည်း သေး​ငယ်​သော​အင်္ဂါ​အ​စိတ်​အ​ပိုင်း​ဖြစ်​သော်​လည်း အ​လွန်​ဝါ​ကြွား​တတ်​၏။ မည်​မျှ​လောက်​သေး​ငယ်​သော​မီး​သည် မည်​မျှ​လောက်​ကြီး​မား​သော​သစ်​တော​ကို​မီး​စွဲ​လောင်​စေ​နိုင်​သည်​ကို ကြည့်​လော့။

6. လျှာ​သည် မီး​ဖြစ်​၏။ မ​တ​ရား​မှု​၏​လော​က​လည်း​ဖြစ်​၏။ လျှာ​သည် ငါ​တို့​၏​အင်္ဂါ​အ​စိတ်​အ​ပိုင်း​ထဲ​က တစ်​ခု​ဖြစ်​ပြီး ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို ညစ်​ညူး​စွန်း​ထင်း​စေ​လျက် ဘ​ဝ​တစ်​ခု​လုံး​ကို လောင်​ကျွမ်း​စေ​ကာ မိ​မိ​သည်​လည်း င​ရဲ​မီး​၏​လောင်​ကျွမ်း​ခြင်း​ကို​ခံ​ရ​၏။

7. လူ​သား​တို့​သည် သား​ရဲ​တိ​ရစ္ဆာန်​နှင့်​ကျေး​ငှက်​မျိုး​မှ​စ​၍ တွား​သွား​သတ္တ​ဝါ​နှင့်​ရေ​သတ္တ​ဝါ​မျိုး​အ​ပေါင်း​တို့​ကို ယဉ်​ပါး​စေ​နိုင်​သ​ကဲ့​သို့ ယဉ်​လည်း​ယဉ်​ပါး​စေ​ခဲ့​ကြ​၏။

8. သို့​သော် လျှာ​ကို​ယဉ်​ပါး​စေ​နိုင်​သူ တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။ လျှာ​သည် ထိန်း​ချုပ်​၍​မ​ရ​နိုင်​သော​အ​ဆိုး​အ​မိုက်​ဖြစ်​ပြီး သေ​စေ​တတ်​သော​အ​ဆိပ်​အ​တောက်​နှင့် ပြည့်​လျက်​ရှိ​၏။

9. ငါ​တို့​သည် လျှာ​ဖြင့် ခ​မည်း​တော်​ဖြစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​ဖန်​ဆင်း​ခံ​ရ​သော​လူ​တို့​ကို ထို​လျှာ​ဖြင့်​ပင် ကျိန်​ဆဲ​တတ်​ကြ​၏။

10. နှုတ်​တစ်​ခု​ထဲ​မှ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​နှင့်​ကျိန်​ဆဲ​ခြင်း​တို့ ထွက်​လာ​တတ်​သည်​တ​ကား။ ငါ့​ညီ​အစ်​ကို​တို့၊ ဤ​သို့​မ​ဖြစ်​သင့်​ပေ။

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 3