8. သင်တို့သည် ကျမ်းစာနှင့်အညီ “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော မွန်မြတ်သည့်ပညတ်တရားကို အမှန်တကယ်စောင့်ထိန်းလျှင် ကောင်းသောအမှုကိုပြုကြလေပြီ။
9. သို့သော် မျက်နှာလိုက်လျှင် သင်တို့သည် အပြစ်ပြုကြသည်ဖြစ်၍ ဖောက်ဖျက်ကျူးလွန်သူအဖြစ် ပညတ်တရားအားဖြင့် အပြစ်ဖော်ပြခြင်းကိုခံရမည်။
10. အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကိုစောင့်ထိန်းသော်လည်း တစ်ပါးကိုမှားလျှင် ပညတ်တရားအလုံးစုံကို ကျူးလွန်ရာရောက်၏။
11. အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ”ဟု ပညတ်တော်မူသောအရှင်သည် “လူမသတ်ရ”ဟူ၍လည်း ပညတ်တော်မူ၏။ သို့ဖြစ်၍ သင်သည် အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်သော်လည်း လူသတ်လျှင် ပညတ်တရားကို ဖောက်ဖျက်ကျူးလွန်သူဖြစ်၏။
12. ထို့ကြောင့် လွတ်လပ်ခြင်းနှင့်ဆိုင်သောတရားတော်အားဖြင့် စီရင်ခြင်းခံရမည့်သူများကဲ့သို့ ပြောဆိုကျင့်ကြံကြလော့။
13. အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
14. ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူသည် ငါ၌ယုံကြည်ခြင်းရှိ၏ဟုဆိုသော်လည်း လုပ်ဆောင်မှုမပါလျှင် မည်သည့်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် သူ့ကိုကယ်တင်နိုင်သလော။