ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 2:4-15 Myanmar Standard Bible (MSB)

4. သင်​တို့​သည် အ​ချင်း​ချင်း​ကြား​၌ လူ​တန်း​စား​ခွဲ​ခြား​၍ မ​ကောင်း​သော​တွေး​တော​ဆင်​ခြင်​မှု​တို့​ဖြင့် တ​ရား​စီ​ရင်​သူ​များ​ဖြစ်​ကြ​ပြီ​မ​ဟုတ်​လော။

5. ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ဤ​လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​ကို ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သော​သူ​အ​ဖြစ်​လည်း​ကောင်း၊ ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​သူ​အ​ဖြစ်​လည်း​ကောင်း ရွေး​ကောက်​တော်​မူ​သည်​မ​ဟုတ်​လော။

6. သို့​ရာ​တွင် သင်​တို့​သည် ဆင်း​ရဲ​သော​သူ​တို့​ကို မ​ထီ​လေး​စား​ပြု​ကြ​သည်​တ​ကား။ ချမ်း​သာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိ​နှိပ်​ခြယ်​လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တ​ရား​ရုံး​သို့ ဆွဲ​ခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။

7. သင်​တို့​နှင့်​စပ်​လျဉ်း​၍ ခေါ်​ဝေါ်​သ​မုတ်​သည့် ကောင်း​မြတ်​သော​နာ​မ​ကို သူ​တို့​စော်​ကား​ပြော​ဆို​ကြ​သည်​မ​ဟုတ်​လော။

8. သင်​တို့​သည် ကျမ်း​စာ​နှင့်​အ​ညီ “ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်”​ဟူ​သော မွန်​မြတ်​သည့်​ပ​ညတ်​တ​ရား​ကို အ​မှန်​တ​ကယ်​စောင့်​ထိန်း​လျှင် ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လေ​ပြီ။

9. သို့​သော် မျက်​နှာ​လိုက်​လျှင် သင်​တို့​သည် အ​ပြစ်​ပြု​ကြ​သည်​ဖြစ်​၍ ဖောက်​ဖျက်​ကျူး​လွန်​သူ​အ​ဖြစ် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ပြစ်​ဖော်​ပြ​ခြင်း​ကို​ခံ​ရ​မည်။

10. အ​ဘယ်​ကြောင့်​ဆို​သော် ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို​စောင့်​ထိန်း​သော်​လည်း တစ်​ပါး​ကို​မှား​လျှင် ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို ကျူး​လွန်​ရာ​ရောက်​၏။

11. အ​ကြောင်း​မူ​ကား “အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​မ​ကျူး​လွန်​ရ”​ဟု ပ​ညတ်​တော်​မူ​သော​အ​ရှင်​သည် “လူ​မ​သတ်​ရ”​ဟူ​၍​လည်း ပ​ညတ်​တော်​မူ​၏။ သို့​ဖြစ်​၍ သင်​သည် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​သော်​လည်း လူ​သတ်​လျှင် ပ​ညတ်​တ​ရား​ကို ဖောက်​ဖျက်​ကျူး​လွန်​သူ​ဖြစ်​၏။

12. ထို့​ကြောင့် လွတ်​လပ်​ခြင်း​နှင့်​ဆိုင်​သော​တ​ရား​တော်​အား​ဖြင့် စီ​ရင်​ခြင်း​ခံ​ရ​မည့်​သူ​များ​ကဲ့​သို့ ပြော​ဆို​ကျင့်​ကြံ​ကြ​လော့။

13. အ​ဘယ်​ကြောင့်​ဆို​သော် က​ရု​ဏာ​မ​ရှိ​သော​သူ​သည် က​ရု​ဏာ​ကင်း​သော​တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​အ​ပေါ်​အောင်​ပွဲ​ခံ​တတ်​၏။

14. ငါ့​ညီ​အစ်​ကို​တို့၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ​၌​ယုံ​ကြည်​ခြင်း​ရှိ​၏​ဟု​ဆို​သော်​လည်း လုပ်​ဆောင်​မှု​မ​ပါ​လျှင် မည်​သည့်​အ​ကျိုး​ရှိ​သ​နည်း။ ထို​ယုံ​ကြည်​ခြင်း​သည် သူ့​ကို​ကယ်​တင်​နိုင်​သ​လော။

15. ညီ​အစ်​ကို သို့​မ​ဟုတ် ညီ​အစ်​မ​သည် အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​နေ​လျက် နေ့​စဉ်​လို​အပ်​သော​အ​စား​အ​စာ​လည်း မ​ရှိ​သော​အ​ခါ

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 2