ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 2:2-10 Myanmar Standard Bible (MSB)

2. သင်​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ထဲ​သို့ ရွှေ​လက်​စွပ်​နှင့်​တင့်​တယ်​သော​အ​ဝတ်​တို့​ကို ဝတ်​ဆင်​ထား​သော​လူ​တစ်​ဦး​ဝင်​လာ​ပြီး စုတ်​ပြတ်​သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သည့် ဆင်း​ရဲ​သော​သူ​တစ်​ဦး​လည်း ဝင်​လာ​သော​အ​ခါ

3. သင်​တို့​သည် တင့်​တယ်​သော​အ​ဝတ်​ဝတ်​ဆင်​ထား​သော​သူ​ကို ဂ​ရု​စိုက်​လျက် “သင်​သည် ဤ​နေ​ရာ​ကောင်း​တွင် ထိုင်​ပါ”​ဟု ဆို​၍ ဆင်း​ရဲ​သော​သူ​ကို​မူ​ကား “သင်​သည် ထို​နေ​ရာ​တွင်​ရပ်​နေ​ပါ” သို့​မ​ဟုတ် “ငါ​၏​ခြေ​ရင်း​ကြမ်း​ပြင်​ပေါ်​၌ ထိုင်​ပါ”​ဟု ဆို​လျှင်

4. သင်​တို့​သည် အ​ချင်း​ချင်း​ကြား​၌ လူ​တန်း​စား​ခွဲ​ခြား​၍ မ​ကောင်း​သော​တွေး​တော​ဆင်​ခြင်​မှု​တို့​ဖြင့် တ​ရား​စီ​ရင်​သူ​များ​ဖြစ်​ကြ​ပြီ​မ​ဟုတ်​လော။

5. ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ဤ​လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​ကို ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သော​သူ​အ​ဖြစ်​လည်း​ကောင်း၊ ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​သူ​အ​ဖြစ်​လည်း​ကောင်း ရွေး​ကောက်​တော်​မူ​သည်​မ​ဟုတ်​လော။

6. သို့​ရာ​တွင် သင်​တို့​သည် ဆင်း​ရဲ​သော​သူ​တို့​ကို မ​ထီ​လေး​စား​ပြု​ကြ​သည်​တ​ကား။ ချမ်း​သာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိ​နှိပ်​ခြယ်​လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တ​ရား​ရုံး​သို့ ဆွဲ​ခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။

7. သင်​တို့​နှင့်​စပ်​လျဉ်း​၍ ခေါ်​ဝေါ်​သ​မုတ်​သည့် ကောင်း​မြတ်​သော​နာ​မ​ကို သူ​တို့​စော်​ကား​ပြော​ဆို​ကြ​သည်​မ​ဟုတ်​လော။

8. သင်​တို့​သည် ကျမ်း​စာ​နှင့်​အ​ညီ “ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်”​ဟူ​သော မွန်​မြတ်​သည့်​ပ​ညတ်​တ​ရား​ကို အ​မှန်​တ​ကယ်​စောင့်​ထိန်း​လျှင် ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လေ​ပြီ။

9. သို့​သော် မျက်​နှာ​လိုက်​လျှင် သင်​တို့​သည် အ​ပြစ်​ပြု​ကြ​သည်​ဖြစ်​၍ ဖောက်​ဖျက်​ကျူး​လွန်​သူ​အ​ဖြစ် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ပြစ်​ဖော်​ပြ​ခြင်း​ကို​ခံ​ရ​မည်။

10. အ​ဘယ်​ကြောင့်​ဆို​သော် ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို​စောင့်​ထိန်း​သော်​လည်း တစ်​ပါး​ကို​မှား​လျှင် ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို ကျူး​လွန်​ရာ​ရောက်​၏။

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 2