ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 2:18-26 Myanmar Standard Bible (MSB)

18. သို့​သော် “သင်​၌​ယုံ​ကြည်​ခြင်း​ရှိ​၍ ငါ​၌​လုပ်​ဆောင်​မှု​ရှိ​သည်”​ဟု အ​ချို့​သော​သူ​က ပြော​ဆို​လိမ့်​မည်။ သို့​ဆို​လျှင် လုပ်​ဆောင်​မှု​ကင်း​သော သင်​၏​ယုံ​ကြည်​ခြင်း​ကို ငါ့​အား​ပြ​လော့။ ငါ​သည်​လည်း ငါ​၏​လုပ်​ဆောင်​မှု​အား​ဖြင့် ငါ​၏​ယုံ​ကြည်​ခြင်း​ကို သင့်​အား​ပြ​မည်။

19. ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း​ရှိ​ကြောင်း​ကို သင်​သည်​ယုံ​ကြည်​၏။ ကောင်း​ပေ​၏။ နတ်​ဆိုး​တို့​ပင် ယုံ​ကြည်​၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။

20. အို လူ​မိုက်၊ လုပ်​ဆောင်​မှု​ကင်း​သော​ယုံ​ကြည်​ခြင်း​သည် အ​ကျိုး​မ​ရှိ​ကြောင်း သင်​သိ​လို​သ​လော။

21. ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​သည် မိ​မိ​သား​ဣ​ဇက်​ကို ယဇ်​ပလ္လင်​ပေါ်​၌ ပူ​ဇော်​သော​အ​ခါ လုပ်​ဆောင်​မှု​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သည်​မ​ဟုတ်​လော။

22. ယုံ​ကြည်​ခြင်း​သည် သူ​၏​လုပ်​ဆောင်​မှု​နှင့်​အ​တူ​အ​မှု​ပြု​၍ ထို​လုပ်​ဆောင်​မှု​အား​ဖြင့် ယုံ​ကြည်​ခြင်း​သည် စုံ​လင်​ခြင်း​သို့​ရောက်​သည်​ကို သင်​သိ​မြင်​ရ​၏။

23. ထို​အ​ခါ “အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သ​ဖြင့် ထို​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏”​ဟူ​သော​ကျမ်း​ချက်​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​၏။ အာ​ဗြ​ဟံ​သည်​လည်း ဘု​ရား​သ​ခင်​၏​မိတ်​ဆွေ​ဟု ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​၏။

24. လူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်​ဆောင်​မှု​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြောင်း​ကို သင်​တို့​သိ​မြင်​ရ​ကြ​၏။

25. ထို​နည်း​တူ ပြည့်​တန်​ဆာ​ရာ​ခပ်​သည်​လည်း စေ​တ​မန်​တို့​ကို​လက်​ခံ​၍ အ​ခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်​သော​အ​ခါ ထို​လုပ်​ဆောင်​မှု​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သည်​မ​ဟုတ်​လော။

26. အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​ကင်း​သော​ကိုယ်​ခန္ဓာ​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့ လုပ်​ဆောင်​မှု​ကင်း​သော​ယုံ​ကြည်​ခြင်း​သည်​လည်း အ​သေ​ဖြစ်​၏။

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 2