ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 2:18-21 Myanmar Standard Bible (MSB)

18. သို့​သော် “သင်​၌​ယုံ​ကြည်​ခြင်း​ရှိ​၍ ငါ​၌​လုပ်​ဆောင်​မှု​ရှိ​သည်”​ဟု အ​ချို့​သော​သူ​က ပြော​ဆို​လိမ့်​မည်။ သို့​ဆို​လျှင် လုပ်​ဆောင်​မှု​ကင်း​သော သင်​၏​ယုံ​ကြည်​ခြင်း​ကို ငါ့​အား​ပြ​လော့။ ငါ​သည်​လည်း ငါ​၏​လုပ်​ဆောင်​မှု​အား​ဖြင့် ငါ​၏​ယုံ​ကြည်​ခြင်း​ကို သင့်​အား​ပြ​မည်။

19. ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း​ရှိ​ကြောင်း​ကို သင်​သည်​ယုံ​ကြည်​၏။ ကောင်း​ပေ​၏။ နတ်​ဆိုး​တို့​ပင် ယုံ​ကြည်​၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။

20. အို လူ​မိုက်၊ လုပ်​ဆောင်​မှု​ကင်း​သော​ယုံ​ကြည်​ခြင်း​သည် အ​ကျိုး​မ​ရှိ​ကြောင်း သင်​သိ​လို​သ​လော။

21. ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​သည် မိ​မိ​သား​ဣ​ဇက်​ကို ယဇ်​ပလ္လင်​ပေါ်​၌ ပူ​ဇော်​သော​အ​ခါ လုပ်​ဆောင်​မှု​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သည်​မ​ဟုတ်​လော။

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 2