5. သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။
6. သို့သော် သံသယစိတ်မရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းလျှောက်ရမည်။ အကြောင်းမူကား သံသယစိတ်ရှိသောသူသည် လေတိုက်၍ထကြွလှုပ်ရှားတတ်သော ပင်လယ်လှိုင်းတံပိုးနှင့်တူ၏။
7. ထိုသူသည် ထာဝရဘုရားထံတော်မှ တစ်စုံတစ်ခုကိုရလိမ့်မည်ဟု မထင်မှတ်စေနှင့်။
8. ထိုသို့သောသူသည် စိတ်နှစ်ခွရှိ၍ မိမိပြုလေသမျှတို့၌ တည်ကြည်မှုမရှိသောသူဖြစ်၏။
9. နိမ့်ပါးသည့်အခြေအနေ၌ရှိသောညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။
10. ချမ်းသာသောသူသည် မိမိနှိမ့်ချခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။ အကြောင်းမူကား ချမ်းသာသောသူသည် မြက်ပွင့်ကဲ့သို့ ကွယ်ပျောက်သွားလိမ့်မည်။