ရှင်​မဿဲ​ခ​ရစ်​ဝင် 9:33-38 Myanmar Standard Bible (MSB)

33. နတ်​ဆိုး​ကို​နှင်​ထုတ်​တော်​မူ​သော​အ​ခါ ဆွံ့​အ​သော​သူ​သည် စ​ကား​ပြော​လေ​၏။ လူ​ထု​ပ​ရိ​သတ်​တို့​သည်​အံ့​ဩ​၍ “အစ္စ​ရေး​ပြည်​၌ ဤ​ကဲ့​သို့​သော​အ​ဖြစ်​ကို မ​မြင်​ဖူး​ပါ”​ဟု ပြော​ဆို​ကြ​၏။

34. သို့​သော် ဖာ​ရိ​ရှဲ​တို့​က “သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​နေ​သည်”​ဟု ပြော​ဆို​ကြ​၏။

35. ထို့​နောက် ယေ​ရှု​သည် မြို့​ရွာ​အား​လုံး​ကို​လှည့်​လည်​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ သွန်​သင်​လျက် နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့်​ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ကာ ရော​ဂါ​အ​မျိုး​မျိုး​နှင့် အ​ဖျား​အ​နာ​ရှိ​သ​မျှ​တို့​ကို ပျောက်​ကင်း​စေ​တော်​မူ​၏။

36. ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​ကို​မြင်​လျှင် သူ​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့​သို့ ပစ်​ထား​ခြင်း​ခံ​ရ​၍ စိတ်​ပင်​ပန်း​နွမ်း​နယ်​နေ​ကြ​သော​ကြောင့် သူ​တို့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၏။

37. ထို​အ​ခါ ကိုယ်​တော်​က “ရိတ်​သိမ်း​စ​ရာ​များ​စွာ​ရှိ​သော်​လည်း လုပ်​သား​တို့​သည်​နည်း​လှ​၏။

38. ထို့​ကြောင့် ရိတ်​သိမ်း​ခြင်း​အ​တွက် လုပ်​သား​များ​ကို စေ​လွှတ်​ပေး​တော်​မူ​ရန် ရိတ်​သိမ်း​ခြင်း​၏​အ​ရှင်​ထံ ဆု​တောင်း​ကြ​လော့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 9