ရှင်​မဿဲ​ခ​ရစ်​ဝင် 9:26-35 Myanmar Standard Bible (MSB)

26. ဤ​သ​တင်း​သည်​လည်း ထို​နယ်​တစ်​နယ်​လုံး​သို့ ပျံ့​နှံ့​သွား​၏။

27. ယေ​ရှု​သည် ထို​အ​ရပ်​မှ​ကြွ​တော်​မူ​စဉ် မျက်​မ​မြင်​နှစ်​ဦး​တို့​သည် “ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ”​ဟု အော်​ဟစ်​လျက်​ကိုယ်​တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။

28. အိမ်​ထဲ​သို့ ဝင်​တော်​မူ​သော​အ​ခါ ထို​မျက်​မ​မြင်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​ကြ​၏။ ယေ​ရှု​က​လည်း “ဤ​အ​ရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံ​ကြည်​ကြ​သ​လော”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ယုံ​ကြည်​ပါ​၏ သ​ခင်​ဘု​ရား”​ဟု ပြန်​လျှောက်​ကြ​၏။

29. ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​၏​မျက်​စိ​ကို​တို့​လျက် “သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​တိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်​မူ​သော်

30. သူ​တို့​သည် မျက်​စိ​မြင်​လာ​လေ​၏။ ယေ​ရှု​က​လည်း “မည်​သူ​မျှ​မ​သိ​စေ​ရန် သ​တိ​ပြု​ကြ​လော့”​ဟု သူ​တို့​အား တင်း​ကျပ်​စွာ​မှာ​ကြား​တော်​မူ​၏။

31. သို့​သော် သူ​တို့​သည် ထွက်​သွား​၍ ကိုယ်​တော်​၏​သ​တင်း​ကို ထို​နယ်​တစ်​နယ်​လုံး​၌ ပျံ့​နှံ့​စေ​ကြ​၏။

32. ထို​သူ​တို့​ထွက်​ခွာ​သွား​ကြ​စဉ် နတ်​ဆိုး​ပူး​သည့် ဆွံ့​အ​သော​သူ​တစ်​ဦး​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။

33. နတ်​ဆိုး​ကို​နှင်​ထုတ်​တော်​မူ​သော​အ​ခါ ဆွံ့​အ​သော​သူ​သည် စ​ကား​ပြော​လေ​၏။ လူ​ထု​ပ​ရိ​သတ်​တို့​သည်​အံ့​ဩ​၍ “အစ္စ​ရေး​ပြည်​၌ ဤ​ကဲ့​သို့​သော​အ​ဖြစ်​ကို မ​မြင်​ဖူး​ပါ”​ဟု ပြော​ဆို​ကြ​၏။

34. သို့​သော် ဖာ​ရိ​ရှဲ​တို့​က “သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​နေ​သည်”​ဟု ပြော​ဆို​ကြ​၏။

35. ထို့​နောက် ယေ​ရှု​သည် မြို့​ရွာ​အား​လုံး​ကို​လှည့်​လည်​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ သွန်​သင်​လျက် နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့်​ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ကာ ရော​ဂါ​အ​မျိုး​မျိုး​နှင့် အ​ဖျား​အ​နာ​ရှိ​သ​မျှ​တို့​ကို ပျောက်​ကင်း​စေ​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 9