ရှင်​မဿဲ​ခ​ရစ်​ဝင် 9:25-30 Myanmar Standard Bible (MSB)

25. သို့​သော် ကိုယ်​တော်​သည် လူ​အ​စု​အ​ဝေး​တို့​ကို အ​ပြင်​သို့​ထွက်​စေ​ပြီး​နောက် အ​ထဲ​သို့​ဝင်​၍ မိန်း​က​လေး​၏​လက်​ကို​ကိုင်​တော်​မူ​ရာ မိန်း​က​လေး​သည်​ထ​လေ​၏။

26. ဤ​သ​တင်း​သည်​လည်း ထို​နယ်​တစ်​နယ်​လုံး​သို့ ပျံ့​နှံ့​သွား​၏။

27. ယေ​ရှု​သည် ထို​အ​ရပ်​မှ​ကြွ​တော်​မူ​စဉ် မျက်​မ​မြင်​နှစ်​ဦး​တို့​သည် “ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ”​ဟု အော်​ဟစ်​လျက်​ကိုယ်​တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။

28. အိမ်​ထဲ​သို့ ဝင်​တော်​မူ​သော​အ​ခါ ထို​မျက်​မ​မြင်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​ကြ​၏။ ယေ​ရှု​က​လည်း “ဤ​အ​ရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံ​ကြည်​ကြ​သ​လော”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ယုံ​ကြည်​ပါ​၏ သ​ခင်​ဘု​ရား”​ဟု ပြန်​လျှောက်​ကြ​၏။

29. ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​၏​မျက်​စိ​ကို​တို့​လျက် “သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​တိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်​မူ​သော်

30. သူ​တို့​သည် မျက်​စိ​မြင်​လာ​လေ​၏။ ယေ​ရှု​က​လည်း “မည်​သူ​မျှ​မ​သိ​စေ​ရန် သ​တိ​ပြု​ကြ​လော့”​ဟု သူ​တို့​အား တင်း​ကျပ်​စွာ​မှာ​ကြား​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 9