ရှင်​မဿဲ​ခ​ရစ်​ဝင် 9:22-37 Myanmar Standard Bible (MSB)

22. ယေ​ရှု​သည် လှည့်​ကြည့်​၍ သူ့​ကို​မြင်​တော်​မူ​လျှင် “သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ချိန်​မှ​စ​၍ ထို​အ​မျိုး​သ​မီး​သည် ကျန်း​မာ​လာ​လေ​၏။

23. ထို့​နောက် ယေ​ရှု​သည် ထို​အ​ကြီး​အ​ကဲ​၏​အိမ်​သို့​ရောက်​တော်​မူ​၍ ပ​လွေ​မှုတ်​သူ​များ​နှင့် ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​နေ​သော​လူ​အ​စု​အ​ဝေး​တို့​ကို​မြင်​လျှင်

24. “ဖယ်​ကြ​လော့။ မိန်း​က​လေး​သေ​သည်​မ​ဟုတ်။ အိပ်​ပျော်​နေ​ခြင်း​သာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ သူ​တို့​သည် ကိုယ်​တော်​ကို​လှောင်​ပြောင်​ရယ်​မော​ကြ​၏။

25. သို့​သော် ကိုယ်​တော်​သည် လူ​အ​စု​အ​ဝေး​တို့​ကို အ​ပြင်​သို့​ထွက်​စေ​ပြီး​နောက် အ​ထဲ​သို့​ဝင်​၍ မိန်း​က​လေး​၏​လက်​ကို​ကိုင်​တော်​မူ​ရာ မိန်း​က​လေး​သည်​ထ​လေ​၏။

26. ဤ​သ​တင်း​သည်​လည်း ထို​နယ်​တစ်​နယ်​လုံး​သို့ ပျံ့​နှံ့​သွား​၏။

27. ယေ​ရှု​သည် ထို​အ​ရပ်​မှ​ကြွ​တော်​မူ​စဉ် မျက်​မ​မြင်​နှစ်​ဦး​တို့​သည် “ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ”​ဟု အော်​ဟစ်​လျက်​ကိုယ်​တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။

28. အိမ်​ထဲ​သို့ ဝင်​တော်​မူ​သော​အ​ခါ ထို​မျက်​မ​မြင်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​ကြ​၏။ ယေ​ရှု​က​လည်း “ဤ​အ​ရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံ​ကြည်​ကြ​သ​လော”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ယုံ​ကြည်​ပါ​၏ သ​ခင်​ဘု​ရား”​ဟု ပြန်​လျှောက်​ကြ​၏။

29. ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​၏​မျက်​စိ​ကို​တို့​လျက် “သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​တိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်​မူ​သော်

30. သူ​တို့​သည် မျက်​စိ​မြင်​လာ​လေ​၏။ ယေ​ရှု​က​လည်း “မည်​သူ​မျှ​မ​သိ​စေ​ရန် သ​တိ​ပြု​ကြ​လော့”​ဟု သူ​တို့​အား တင်း​ကျပ်​စွာ​မှာ​ကြား​တော်​မူ​၏။

31. သို့​သော် သူ​တို့​သည် ထွက်​သွား​၍ ကိုယ်​တော်​၏​သ​တင်း​ကို ထို​နယ်​တစ်​နယ်​လုံး​၌ ပျံ့​နှံ့​စေ​ကြ​၏။

32. ထို​သူ​တို့​ထွက်​ခွာ​သွား​ကြ​စဉ် နတ်​ဆိုး​ပူး​သည့် ဆွံ့​အ​သော​သူ​တစ်​ဦး​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။

33. နတ်​ဆိုး​ကို​နှင်​ထုတ်​တော်​မူ​သော​အ​ခါ ဆွံ့​အ​သော​သူ​သည် စ​ကား​ပြော​လေ​၏။ လူ​ထု​ပ​ရိ​သတ်​တို့​သည်​အံ့​ဩ​၍ “အစ္စ​ရေး​ပြည်​၌ ဤ​ကဲ့​သို့​သော​အ​ဖြစ်​ကို မ​မြင်​ဖူး​ပါ”​ဟု ပြော​ဆို​ကြ​၏။

34. သို့​သော် ဖာ​ရိ​ရှဲ​တို့​က “သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​နေ​သည်”​ဟု ပြော​ဆို​ကြ​၏။

35. ထို့​နောက် ယေ​ရှု​သည် မြို့​ရွာ​အား​လုံး​ကို​လှည့်​လည်​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ သွန်​သင်​လျက် နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့်​ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ကာ ရော​ဂါ​အ​မျိုး​မျိုး​နှင့် အ​ဖျား​အ​နာ​ရှိ​သ​မျှ​တို့​ကို ပျောက်​ကင်း​စေ​တော်​မူ​၏။

36. ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​ကို​မြင်​လျှင် သူ​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့​သို့ ပစ်​ထား​ခြင်း​ခံ​ရ​၍ စိတ်​ပင်​ပန်း​နွမ်း​နယ်​နေ​ကြ​သော​ကြောင့် သူ​တို့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၏။

37. ထို​အ​ခါ ကိုယ်​တော်​က “ရိတ်​သိမ်း​စ​ရာ​များ​စွာ​ရှိ​သော်​လည်း လုပ်​သား​တို့​သည်​နည်း​လှ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 9