ရှင်​မဿဲ​ခ​ရစ်​ဝင် 9:2-8 Myanmar Standard Bible (MSB)

2. ထို​အ​ခါ လူ​တို့​သည် အိပ်​ရာ​ပေါ်​၌​လဲ​လျောင်း​နေ​သည့် လေ​ဖြတ်​သော​သူ​တစ်​ဦး​ကို အ​ထံ​တော်​သို့​သယ်​ဆောင်​လာ​ကြ​၏။ ယေ​ရှု​သည် ထို​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လေ​ဖြတ်​သော​သူ​အား “ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။

3. ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က “ဤ​သူ​သည် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​သည်”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

4. ယေ​ရှု​သည် သူ​တို့​၏​စဉ်း​စား​ဆင်​ခြင်​မှု​များ​ကို သိ​မြင်​တော်​မူ​၍ “အ​ဘယ်​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ မ​ကောင်း​သော​အ​ရာ​များ​ကို စဉ်း​စား​ဆင်​ခြင်​နေ​ကြ​သ​နည်း။

5. ‘သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်း​လျှောက်​လော့’​ဟု ဆို​ရန် မည်​သည့်​အ​ရာ​က ပို​၍​လွယ်​ကူ​သ​နည်း။

6. သို့​သော် လူ့​သား​သည် မြေ​ကြီး​ပေါ်​၌ အ​ပြစ်​များ​ခွင့်​လွှတ်​ပိုင်​ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေ​ရန်”​ဟု မိန့်​တော်​မူ​ပြီး​လျှင် လေ​ဖြတ်​သော​သူ​အား “ထ​လော့။ သင်​၏​အိပ်​ရာ​ကို​ဆောင်​ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်​မူ​၏။

7. ထို​အ​ခါ လေ​ဖြတ်​သော​သူ​သည် ထ​၍ မိ​မိ​အိမ်​သို့​ပြန်​သွား​လေ​၏။

8. ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​သော လူ​ထု​ပ​ရိ​သတ်​တို့​သည် ကြောက်​ရွံ့​လျက် လူ​တို့​အား ဤ​သို့​သော​အ​ခွင့်​အာ​ဏာ​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

20-21. ထို​အ​ခါ တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​ရော​ဂါ​စွဲ​ကပ်​နေ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည် “ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​ကို တို့​ထိ​ရ​လျှင်​ပင် ရော​ဂါ​ပျောက်​ကင်း​လိမ့်​မည်”​ဟု မိ​မိ​စိတ်​ထဲ​၌​ဆို​လျက် ကိုယ်​တော်​၏​နောက်​တော်​သို့​ချဉ်း​ကပ်​ပြီး ဝတ်​ရုံ​တော်​၏​ပန်း​ဖွား​ကို တို့​ထိ​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 9