ရှင်​မဿဲ​ခ​ရစ်​ဝင် 9:10-19 Myanmar Standard Bible (MSB)

10. ထို့​နောက် ကိုယ်​တော်​သည် အိမ်​ထဲ​တွင် စား​ပွဲ​၌​ထိုင်​တော်​မူ​စဉ် များ​စွာ​သော​အ​ခွန်​ကောက်​ခံ​သူ​တို့​နှင့်​အ​ပြစ်​သား​တို့​သည် ရောက်​လာ​၍ တ​ပည့်​တော်​တို့​နှင့်​တ​ကွ ယေ​ရှု​နှင့်​အ​တူ စား​သောက်​ပွဲ​၌​ထိုင်​ကြ​၏။

11. ထို​အ​ခြင်း​အ​ရာ​ကို ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် တ​ပည့်​တော်​တို့​အား “သင်​တို့​၏​ဆ​ရာ​သည် အ​ဘယ်​ကြောင့် အ​ခွန်​ကောက်​ခံ​သူ​များ၊ အ​ပြစ်​သား​များ​နှင့်​အ​တူ စား​သောက်​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

12. ကိုယ်​တော်​သည် ထို​စ​ကား​ကို​ကြား​လျှင် “ကျန်း​မာ​သော​သူ​တို့​သည် ဆေး​ဆ​ရာ​ကို မ​လို​အပ်​ကြ​ပေ။ နာ​မ​ကျန်း​ဖြစ်​သော​သူ​တို့​သာ​လျှင် လို​အပ်​ကြ​၏။

13. ‘ငါ​သည် ယဇ်​ပူ​ဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ က​ရု​ဏာ​ကို အ​လို​ရှိ​၏’​ဟူ​သော​ကျမ်း​စ​ကား​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​ကြောင်း သွား​၍​သင်​ယူ​ကြ​လော့။ အ​ကြောင်း​မူ​ကား ဖြောင့်​မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အ​ပြစ်​သား​တို့​ကို​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်​မူ​၏။

14. ထို့​နောက် ယော​ဟန်​၏​တ​ပည့်​များ​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​၍ “အ​ကျွန်ုပ်​တို့​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် မ​ကြာ​ခ​ဏ အ​စာ​ရှောင်​ကြ​သော်​လည်း ကိုယ်​တော်​၏​တ​ပည့်​တော်​များ​သည် အ​ဘယ်​ကြောင့် အ​စာ​မ​ရှောင်​ကြ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

15. ယေ​ရှု​က​လည်း “သ​တို့​သား​၏​ဆွေ​မျိုး​မိတ်သင်္ဂ​ဟ​များ​သည် သ​တို့​သား​နှင့်​အ​တူ​ရှိ​နေ​သ​ရွေ့ ဝမ်း​နည်း​ကြေ​ကွဲ​နိုင်​ကြ​မည်​လော။ သို့​သော် သ​တို့​သား​ကို သူ​တို့​ထံ​မှ ခေါ်​ဆောင်​သွား​မည့်​နေ့​ရက်​များ ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။

16. မည်​သူ​မျှ အ​ဝတ်​အ​ဟောင်း​ကို ပိတ်​စ​အ​သစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ အ​ကြောင်း​မူ​ကား ဖာ​ထား​သော​ပိတ်​စ​သည် အ​ဝတ်​ကို​ရုန်း​သ​ဖြင့် စုတ်​ပြဲ​သည့်​နေ​ရာ​သည် ပို​၍​ဆိုး​လာ​လိမ့်​မည်။

17. စ​ပျစ်​ဝိုင်​အ​သစ်​ကို​လည်း သား​ရေ​ဘူး​အ​ဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထို​သို့​ပြု​လျှင် သား​ရေ​ဘူး​သည် ပေါက်​ပြဲ​သ​ဖြင့် စ​ပျစ်​ဝိုင်​ယို​ထွက်​ကာ သား​ရေ​ဘူး​လည်း ပျက်​စီး​သွား​လိမ့်​မည်။ စ​ပျစ်​ဝိုင်​အ​သစ်​ကို သား​ရေ​ဘူး​အ​သစ်​၌​သာ ထည့်​ကြ​၏။ ထို​သို့​ပြု​လျှင် နှစ်​မျိုး​စ​လုံး​ကို တာ​ရှည်​ထိန်း​သိမ်း​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

18. ကိုယ်​တော်​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​မြွက်​ဆို​တော်​မူ​စဉ် အ​ကြီး​အ​ကဲ​တစ်​ဦး​သည်​လာ​၍ ကိုယ်​တော်​ကို​ရှိ​ခိုး​လျက် “အ​ကျွန်ုပ်​၏​သ​မီး​သည် ယ​ခု​ပင်​သေ​ဆုံး​သွား​ပါ​သည်။ သို့​သော် ကြွ​လာ​၍ ကိုယ်​တော်​၏​လက်​တော်​ကို သူ့​အ​ပေါ်​တင်​တော်​မူ​လျှင် အ​သက်​ရှင်​လာ​ပါ​လိမ့်​မည်”​ဟု လျှောက်​လေ​၏။

19. ထို့​ကြောင့် ယေ​ရှု​သည် ထ​၍ ထို​သူ​၏​နောက်​သို့ လိုက်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း အ​တူ​တ​ကွ​လိုက်​သွား​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 9