ရှင်​မဿဲ​ခ​ရစ်​ဝင် 9:1-11 Myanmar Standard Bible (MSB)

1. ထို့​နောက် ကိုယ်​တော်​သည် လှေ​ပေါ်​တက်​၍ ပင်​လယ်​ကို​ကူး​ပြီး​လျှင် မိ​မိ​နေ​ရပ်​မြို့​သို့​ကြွ​တော်​မူ​၏။

2. ထို​အ​ခါ လူ​တို့​သည် အိပ်​ရာ​ပေါ်​၌​လဲ​လျောင်း​နေ​သည့် လေ​ဖြတ်​သော​သူ​တစ်​ဦး​ကို အ​ထံ​တော်​သို့​သယ်​ဆောင်​လာ​ကြ​၏။ ယေ​ရှု​သည် ထို​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လေ​ဖြတ်​သော​သူ​အား “ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။

3. ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က “ဤ​သူ​သည် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​သည်”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

4. ယေ​ရှု​သည် သူ​တို့​၏​စဉ်း​စား​ဆင်​ခြင်​မှု​များ​ကို သိ​မြင်​တော်​မူ​၍ “အ​ဘယ်​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ မ​ကောင်း​သော​အ​ရာ​များ​ကို စဉ်း​စား​ဆင်​ခြင်​နေ​ကြ​သ​နည်း။

5. ‘သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်း​လျှောက်​လော့’​ဟု ဆို​ရန် မည်​သည့်​အ​ရာ​က ပို​၍​လွယ်​ကူ​သ​နည်း။

6. သို့​သော် လူ့​သား​သည် မြေ​ကြီး​ပေါ်​၌ အ​ပြစ်​များ​ခွင့်​လွှတ်​ပိုင်​ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေ​ရန်”​ဟု မိန့်​တော်​မူ​ပြီး​လျှင် လေ​ဖြတ်​သော​သူ​အား “ထ​လော့။ သင်​၏​အိပ်​ရာ​ကို​ဆောင်​ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်​မူ​၏။

7. ထို​အ​ခါ လေ​ဖြတ်​သော​သူ​သည် ထ​၍ မိ​မိ​အိမ်​သို့​ပြန်​သွား​လေ​၏။

8. ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​သော လူ​ထု​ပ​ရိ​သတ်​တို့​သည် ကြောက်​ရွံ့​လျက် လူ​တို့​အား ဤ​သို့​သော​အ​ခွင့်​အာ​ဏာ​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

9. ထို့​နောက် ယေ​ရှု​သည် ထို​အ​ရပ်​မှ​ကြွ​တော်​မူ​စဉ် အ​ခွန်​ကောက်​ခံ​ရာ​စ​ခန်း​တွင်​ထိုင်​နေ​သည့် မဿဲ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ကို​မြင်​၍ “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

10. ထို့​နောက် ကိုယ်​တော်​သည် အိမ်​ထဲ​တွင် စား​ပွဲ​၌​ထိုင်​တော်​မူ​စဉ် များ​စွာ​သော​အ​ခွန်​ကောက်​ခံ​သူ​တို့​နှင့်​အ​ပြစ်​သား​တို့​သည် ရောက်​လာ​၍ တ​ပည့်​တော်​တို့​နှင့်​တ​ကွ ယေ​ရှု​နှင့်​အ​တူ စား​သောက်​ပွဲ​၌​ထိုင်​ကြ​၏။

11. ထို​အ​ခြင်း​အ​ရာ​ကို ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် တ​ပည့်​တော်​တို့​အား “သင်​တို့​၏​ဆ​ရာ​သည် အ​ဘယ်​ကြောင့် အ​ခွန်​ကောက်​ခံ​သူ​များ၊ အ​ပြစ်​သား​များ​နှင့်​အ​တူ စား​သောက်​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 9