ရှင်​မဿဲ​ခ​ရစ်​ဝင် 8:26-31 Myanmar Standard Bible (MSB)

26. ထို​အ​ခါ ကိုယ်​တော်​က “ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း”​ဟု မိန့်​တော်​မူ​ပြီး​လျှင် ထ​၍ လေ​နှင့်​ပင်​လယ်​တို့​ကို ဆုံး​မ​တော်​မူ​ရာ အ​လွန်​ငြိမ်​သက်​သာ​ယာ​သွား​လေ​၏။

27. ထို​သူ​တို့​သည် အံ့​ဩ​လျက် “ဤ​သူ​ကား မည်​သို့​သော​သူ​ဖြစ်​သ​နည်း။ လေ​နှင့်​ပင်​လယ်​တို့​ပင်​လျှင် သူ့​ကို​နာ​ခံ​ကြ​ပါ​သည်​တ​ကား”​ဟု ပြော​ဆို​ကြ​၏။

28. ထို့​နောက် ကိုယ်​တော်​သည် ပင်​လယ်​တစ်​ဖက်​ကမ်း​ရှိ ဂါ​ဒ​ရ​နယ်​သား​တို့​၏​အ​ရပ်​ဒေ​သ​သို့ ရောက်​တော်​မူ​လျှင် နတ်​ဆိုး​ပူး​သူ​နှစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်​လာ​၍ ကိုယ်​တော်​ကို​ဆီး​ကြို​ကြ​၏။ သူ​တို့​သည် အ​လွန်​ကြမ်း​တမ်း​သည်​ဖြစ်​၍ ထို​လမ်း​ကို မည်​သူ​မျှ ဖြတ်​၍​မ​သွား​နိုင်​ကြ​ချေ။

29. ထို​သူ​တို့​က “ဘု​ရား​သ​ခင်​၏​သား​တော်၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​တို့ မည်​သို့​ဆိုင်​သ​နည်း။ အ​ချိန်​မ​တန်​မီ အ​ကျွန်ုပ်​တို့​အား​ညှဉ်း​ဆဲ​ရန် ဤ​နေ​ရာ​သို့​ကြွ​လာ​တော်​မူ​သ​လော”​ဟု အော်​ဟစ်​လျှောက်​ထား​ကြ​၏။

30. သူ​တို့​နှင့်​မ​ဝေး​လှ​သော​နေ​ရာ​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်​စား​လျက်​ရှိ​၏။

31. နတ်​ဆိုး​တို့​က “အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​မည်​ဆို​လျှင် ဝက်​အုပ်​ထဲ​သို့ စေ​လွှတ်​တော်​မူ​ပါ”​ဟု ကိုယ်​တော်​အား​တောင်း​ပန်​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 8