ရှင်​မဿဲ​ခ​ရစ်​ဝင် 8:15-20 Myanmar Standard Bible (MSB)

15. ကိုယ်​တော်​သည် ထို​အ​မျိုး​သ​မီး​၏​လက်​ကို တို့​ထိ​တော်​မူ​ရာ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ထ​၍ ကိုယ်​တော်​ကို​ဧည့်​ဝတ်​ပြု​လေ​၏။

16. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ လူ​တို့​သည် နတ်​ဆိုး​ပူး​သူ​များ​စွာ​တို့​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​ရာ ကိုယ်​တော်​သည် ထို​နတ်​တို့​ကို နှုတ်​တော်​ထွက်​စ​ကား​ဖြင့် နှင်​ထုတ်​တော်​မူ​၏။ နာ​မ​ကျန်း​ဖြစ်​သူ​ရှိ​သ​မျှ​တို့​ကို​လည်း ကျန်း​မာ​စေ​တော်​မူ​၏။

17. ဤ​သည်​ကား “ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​၏​အား​နည်း​ခြင်း​များ​ကို ယူ​ဆောင်​၍ အ​ကျွန်ုပ်​တို့​၏​ရော​ဂါ​များ​ကို သယ်​ဆောင်​သွား​တော်​မူ​၏”​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

18. ယေ​ရှု​သည် မိ​မိ​ပတ်​လည်​၌​ရှိ​သော​လူ​ထု​ပ​ရိ​သတ်​ကို မြင်​တော်​မူ​သော​အ​ခါ ပင်​လယ်​တစ်​ဖက်​ကမ်း​သို့​ကူး​သွား​ရန် အ​မိန့်​ပေး​တော်​မူ​၏။

19. ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​တစ်​ဦး​သည် ချဉ်း​ကပ်​လာ​၍ “ဆ​ရာ၊ ဆ​ရာ​သွား​သည့်​နေ​ရာ​တိုင်း​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။

20. ယေ​ရှု​က​လည်း “မြေ​ခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်း​ကင်​ငှက်​တို့​၌​လည်း အ​သိုက်​ရှိ​ကြ​၏။ လူ့​သား​၌​မူ​ကား ခေါင်း​ချ​စ​ရာ​နေ​ရာ​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 8