ရှင်​မဿဲ​ခ​ရစ်​ဝင် 6:25-34 Myanmar Standard Bible (MSB)

25. သို့​ဖြစ်​၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အ​သက်​ရှင်​ရေး​အ​တွက် မည်​သည့်​အ​ရာ​ကို စား​ရ​မည်​နည်း၊ မည်​သည့်​အ​ရာ​ကို သောက်​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း၊ သင်​တို့​၏​ကိုယ်​ခန္ဓာ​အ​တွက် မည်​သည့်​အ​ရာ​ကို ဝတ်​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း မ​စိုး​ရိမ်​ကြ​နှင့်။ အ​သက်​သည် အ​စာ​ထက် အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။ ကိုယ်​ခန္ဓာ​သည်​လည်း အ​ဝတ်​ထက် အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။

26. မိုး​ကောင်း​ကင်​ငှက်​တို့​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုး​ကြဲ​ခြင်း​မ​ရှိ၊ ရိတ်​သိမ်း​ခြင်း​နှင့် ကျီ​၌​စု​သိမ်း​ခြင်း​တို့​ကို​လည်း မ​ပြု​ကြ။ သို့​သော် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည် ၎င်း​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့​သည် ထို​ငှက်​တို့​ထက် အ​ဖိုး​ထိုက်​ကြ​သည်​မ​ဟုတ်​လော။

27. သင်​တို့​တွင် မည်​သူ​သည် စိုး​ရိမ်​သော​အား​ဖြင့် မိ​မိ​၏​အ​သက်​ကို တစ်​တောင်​ခန့်​မျှ ပို​၍​ရှည်​စေ​နိုင်​သ​နည်း။

28. အ​ဝတ်​အ​တွက်​လည်း အ​ဘယ်​ကြောင့်​စိုး​ရိမ်​ကြ​သ​နည်း။ တော​၌​ရှိ​သော​နှင်း​ပန်း​များ မည်​ကဲ့​သို့​ကြီး​ထွား​ကြ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ၎င်း​တို့​သည် အ​လုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။

29. သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိ​မိ​၏​ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​လျက်​ရှိ​သော ရှော​လ​မုန်​ပင်​လျှင် ဤ​နှင်း​ပန်း​တစ်​ပွင့်​ကဲ့​သို့ မ​ဆင်​မြန်း​ခဲ့​ရ​ပေ။

30. ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ​တို့၊ ယ​နေ့​ရှင်​သန်​လျက်​ရှိ​သော်​လည်း မ​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ပစ်​ချ​ခံ​ရ​မည့် တော​မြက်​ပင်​ကို​ပင် ဘု​ရား​သ​ခင်​သည် ဤ​မျှ​လောက်​ဆင်​ယင်​ပေး​တော်​မူ​လျှင် သင်​တို့​ကို ပို​၍​ကောင်း​စွာ​ဆင်​ယင်​ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ်​လော။

31. ထို့​ကြောင့် မည်​သည့်​အ​ရာ​ကို စား​ရ​မည်​နည်း၊ မည်​သည့်​အ​ရာ​ကို သောက်​ရ​မည်​နည်း၊ မည်​သည့်​အ​ရာ​ကို ဝတ်​ရ​မည်​နည်း​ဟု​ဆို​လျက် မ​စိုး​ရိမ်​ကြ​နှင့်။

32. အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​သည် ဤ​အ​ရာ​အား​လုံး​တို့​ကို ကြိုး​စား​ရှာ​ဖွေ​တတ်​ကြ​၏။ သို့​သော် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည် ဤ​အ​ရာ​အား​လုံး​ကို သင်​တို့​လို​အပ်​ကြောင်း သိ​တော်​မူ​၏။

33. ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့် ကိုယ်​တော်​၏​ဖြောင့်​မတ်​ခြင်း​ကို ဦး​စွာ​ရှာ​ကြ​လော့။ ထို​အ​ခါ ဤ​အ​ရာ​အား​လုံး​တို့​ကို သင်​တို့​အား ထပ်​လောင်း​၍​ပေး​တော်​မူ​လိမ့်​မည်။

34. ထို့​ကြောင့် မ​နက်​ဖြန်​အ​တွက် မ​စိုး​ရိမ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား မ​နက်​ဖြန်​သည် မိ​မိ​အ​တွက်​စိုး​ရိမ်​လိမ့်​မည်။ နေ့​တစ်​နေ့​၌​ကြုံ​တွေ့​ရ​သည့် မ​ကောင်း​မ​သင့်​သော​အ​ရာ​သည် ထို​နေ့​အ​တွက် လုံ​လောက်​ပေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 6