ရှင်​မဿဲ​ခ​ရစ်​ဝင် 6:21-29 Myanmar Standard Bible (MSB)

21. အ​ကြောင်း​မူ​ကား သင်​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေ​ရာ​၌ သင်​၏​စိတ်​နှ​လုံး​လည်း ရောက်​တတ်​၏။

22. မျက်​စိ​သည် ကိုယ်​ခန္ဓာ​၏​ဆီ​မီး​ဖြစ်​၏။ ထို့​ကြောင့် သင်​၏​မျက်​စိ​ကောင်း​လျှင် သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​တောက်​ပ​နေ​လိမ့်​မည်။

23. သို့​သော် သင်​၏​မျက်​စိ​မ​ကောင်း​လျှင် သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​မှောင်​မိုက်​နေ​လိမ့်​မည်။ သို့​ဖြစ်​၍ သင်​၌​ရှိ​သော​အ​လင်း​သည် အ​မှောင်​ဖြစ်​လျှင် ထို​အ​မှောင်​သည် မည်​မျှ​လောက် မှောင်​လိမ့်​မည်​နည်း။

24. မည်​သူ​မျှ သ​ခင်​နှစ်​ဦး​ကို အ​စေ​ခံ​၍​မ​ရ​နိုင်။ အ​ကြောင်း​မူ​ကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သို့​မ​ဟုတ် တစ်​ဦး​ကို​သစ္စာ​စောင့်​၍ တစ်​ဦး​ကို​မ​ထီ​မဲ့​မြင်​ပြု​လိမ့်​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​လော​ကီ​စည်း​စိမ်​တို့​ကို တစ်​ပြိုင်​တည်း​အ​စေ​ခံ​၍​မ​ရ​နိုင်​ကြ။

25. သို့​ဖြစ်​၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အ​သက်​ရှင်​ရေး​အ​တွက် မည်​သည့်​အ​ရာ​ကို စား​ရ​မည်​နည်း၊ မည်​သည့်​အ​ရာ​ကို သောက်​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း၊ သင်​တို့​၏​ကိုယ်​ခန္ဓာ​အ​တွက် မည်​သည့်​အ​ရာ​ကို ဝတ်​ရ​မည်​နည်း​ဟူ​၍​လည်း​ကောင်း မ​စိုး​ရိမ်​ကြ​နှင့်။ အ​သက်​သည် အ​စာ​ထက် အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။ ကိုယ်​ခန္ဓာ​သည်​လည်း အ​ဝတ်​ထက် အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။

26. မိုး​ကောင်း​ကင်​ငှက်​တို့​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုး​ကြဲ​ခြင်း​မ​ရှိ၊ ရိတ်​သိမ်း​ခြင်း​နှင့် ကျီ​၌​စု​သိမ်း​ခြင်း​တို့​ကို​လည်း မ​ပြု​ကြ။ သို့​သော် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည် ၎င်း​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့​သည် ထို​ငှက်​တို့​ထက် အ​ဖိုး​ထိုက်​ကြ​သည်​မ​ဟုတ်​လော။

27. သင်​တို့​တွင် မည်​သူ​သည် စိုး​ရိမ်​သော​အား​ဖြင့် မိ​မိ​၏​အ​သက်​ကို တစ်​တောင်​ခန့်​မျှ ပို​၍​ရှည်​စေ​နိုင်​သ​နည်း။

28. အ​ဝတ်​အ​တွက်​လည်း အ​ဘယ်​ကြောင့်​စိုး​ရိမ်​ကြ​သ​နည်း။ တော​၌​ရှိ​သော​နှင်း​ပန်း​များ မည်​ကဲ့​သို့​ကြီး​ထွား​ကြ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ၎င်း​တို့​သည် အ​လုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။

29. သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိ​မိ​၏​ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​လျက်​ရှိ​သော ရှော​လ​မုန်​ပင်​လျှင် ဤ​နှင်း​ပန်း​တစ်​ပွင့်​ကဲ့​သို့ မ​ဆင်​မြန်း​ခဲ့​ရ​ပေ။

ရှင်​မဿဲ​ခ​ရစ်​ဝင် 6