ရှင်​မဿဲ​ခ​ရစ်​ဝင် 6:16-24 Myanmar Standard Bible (MSB)

16. သင်​တို့​သည် အ​စာ​ရှောင်​ကြ​သော​အ​ခါ သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့​ကဲ့​သို့ မျက်​နှာ​ညှိုး​ငယ်​ခြင်း​မ​ရှိ​စေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် မိ​မိ​တို့​အ​စာ​ရှောင်​နေ​ကြောင်း လူ​တို့​ရှေ့​၌​ထင်​ရှား​စေ​ရန် မျက်​နှာ​ရှုံ့​မဲ့​ထား​တတ်​ကြ​၏။ သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သူ​တို့​သည် မိ​မိ​တို့​၏​အ​ကျိုး​ကျေး​ဇူး​ကို​ရ​ကြ​လေ​ပြီ။

17-18. သို့​သော် သင်​သည် အ​စာ​ရှောင်​သော​အ​ခါ မိ​မိ​အ​စာ​ရှောင်​နေ​ကြောင်း​ကို လူ​တို့​ရှေ့​၌​မ​ထင်​ရှား​စေ​ဘဲ မ​ထင်​ရှား​သော​အ​ရပ်​၌​ရှိ​တော်​မူ​သော သင်​၏​အ​ဖ​ရှေ့​တော်​၌​သာ ထင်​ရှား​စေ​ရန် သင်​၏​ခေါင်း​ကို​ဆီ​လိမ်း​၍ သင်​၏​မျက်​နှာ​ကို​သစ်​လော့။ ထို​အ​ခါ မ​ထင်​ရှား​သော​အ​ရာ​ကို​မြင်​တော်​မူ​သော သင်​၏​အ​ဖ​သည် သင့်​အား ဆု​လာဘ်​ကို​ပေး​တော်​မူ​လိမ့်​မည်။

19. ပိုး​မွှား​နှင့်​သံ​ချေး​ဖျက်​ဆီး​တတ်​၍ သူ​ခိုး​များ​ဖောက်​ထွင်း​ခိုး​ယူ​နိုင်​ရာ မြေ​ကြီး​ပေါ်​၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အ​တွက် သို​မှီး​မ​ထား​ကြ​နှင့်။

20. ပိုး​မွှား​နှင့်​သံ​ချေး​မ​ဖျက်​ဆီး​တတ်၊ သူ​ခိုး​များ​လည်း မ​ဖောက်​ထွင်း​မ​ခိုး​ယူ​နိုင်​ရာ ကောင်း​ကင်​ဘုံ​၌ သင်​တို့​အ​တွက်​ဥစ္စာ​ဘဏ္ဍာ​များ​ကို သို​မှီး​ထား​ကြ​လော့။

21. အ​ကြောင်း​မူ​ကား သင်​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေ​ရာ​၌ သင်​၏​စိတ်​နှ​လုံး​လည်း ရောက်​တတ်​၏။

22. မျက်​စိ​သည် ကိုယ်​ခန္ဓာ​၏​ဆီ​မီး​ဖြစ်​၏။ ထို့​ကြောင့် သင်​၏​မျက်​စိ​ကောင်း​လျှင် သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​တောက်​ပ​နေ​လိမ့်​မည်။

23. သို့​သော် သင်​၏​မျက်​စိ​မ​ကောင်း​လျှင် သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​မှောင်​မိုက်​နေ​လိမ့်​မည်။ သို့​ဖြစ်​၍ သင်​၌​ရှိ​သော​အ​လင်း​သည် အ​မှောင်​ဖြစ်​လျှင် ထို​အ​မှောင်​သည် မည်​မျှ​လောက် မှောင်​လိမ့်​မည်​နည်း။

24. မည်​သူ​မျှ သ​ခင်​နှစ်​ဦး​ကို အ​စေ​ခံ​၍​မ​ရ​နိုင်။ အ​ကြောင်း​မူ​ကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သို့​မ​ဟုတ် တစ်​ဦး​ကို​သစ္စာ​စောင့်​၍ တစ်​ဦး​ကို​မ​ထီ​မဲ့​မြင်​ပြု​လိမ့်​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​လော​ကီ​စည်း​စိမ်​တို့​ကို တစ်​ပြိုင်​တည်း​အ​စေ​ခံ​၍​မ​ရ​နိုင်​ကြ။

ရှင်​မဿဲ​ခ​ရစ်​ဝင် 6