ရှင်​မဿဲ​ခ​ရစ်​ဝင် 6:1-7 Myanmar Standard Bible (MSB)

1. သင်​တို့​၏​ဖြောင့်​မတ်​သော​အ​မှု​ကို လူ​တို့​မြင်​စေ​ရန် လူ​တို့​ရှေ့​၌​မ​ပြု​ကြ​မည့်​အ​ကြောင်း သ​တိ​ထား​ကြ​လော့။ သို့​မ​ဟုတ်​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​သင်​တို့​အ​ဖ​ထံ​မှ အ​ကျိုး​ကျေး​ဇူး​ကို သင်​တို့​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။

2. ထို့​ကြောင့် သင်​သည် ပေး​ကမ်း​စွန့်​ကြဲ​သော​အ​ခါ သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့​သည် လူ​တို့​၏​ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​ရန်​အ​တွက် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​နှင့် လမ်း​ကြား​များ​တွင် ပြု​တတ်​ကြ​သ​ကဲ့​သို့ မိ​မိ​၏​ရှေ့​၌​တံ​ပိုး​ကို​မ​မှုတ်​စေ​နှင့်။ သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သူ​တို့​သည် မိ​မိ​တို့​၏​အ​ကျိုး​ကျေး​ဇူး​ကို​ရ​ကြ​လေ​ပြီ။

3. သင်​မူ​ကား ပေး​ကမ်း​စွန့်​ကြဲ​သော​အ​ခါ သင်​၏​ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​သည် မ​ထင်​ရှား​မည့်​အ​ကြောင်း သင်​၏​လက်​ယာ​လက်​ပြု​သည့်​အ​ရာ​ကို သင်​၏​လက်​ဝဲ​လက်​အား​မ​သိ​စေ​နှင့်။

4. ထို​အ​ခါ မ​ထင်​ရှား​သော​အ​ရာ​ကို​မြင်​တော်​မူ​သော သင်​၏​အ​ဖ​သည် သင့်​အား ဆု​လာဘ်​ကို​ပေး​တော်​မူ​လိမ့်​မည်။

5. သင်​တို့​ဆု​တောင်း​သော​အ​ခါ​တွင်​လည်း သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် လူ​တို့​မြင်​စေ​ရန် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​နှင့်​လမ်း​ဆုံ​လမ်း​ခွ​များ​တွင် မတ်​တတ်​ရပ်​လျက် ဆု​တောင်း​သည်​ကို နှစ်​သက်​ကြ​၏။ သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သူ​တို့​သည် မိ​မိ​တို့​၏​အ​ကျိုး​ကျေး​ဇူး​ကို​ရ​ကြ​လေ​ပြီ။

6. သင်​မူ​ကား ဆု​တောင်း​သော​အ​ခါ သင်​၏​အိမ်​အ​တွင်း​ခန်း​သို့​ဝင်​၍ တံ​ခါး​ကို​ပိတ်​ပြီး​လျှင် မ​ထင်​ရှား​သော​အ​ရပ်​၌​ရှိ​တော်​မူ​သော သင်​၏​အ​ဖ​ထံ​သို့ ဆု​တောင်း​လော့။ ထို​အ​ခါ မ​ထင်​ရှား​သော​အ​ရာ​ကို​မြင်​တော်​မူ​သော သင်​၏​အ​ဖ​သည် သင့်​အား ဆု​လာဘ်​ကို​ပေး​တော်​မူ​လိမ့်​မည်။

7. ထို့​ပြင် သင်​တို့​ဆု​တောင်း​သော​အ​ခါ သာ​သ​နာ​ပ​လူ​မျိုး​ခြား​တို့​ကဲ့​သို့ တ​တွတ်​တွတ် အ​ချည်း​နှီး​မ​ရွတ်​ဆို​ကြ​နှင့်။ သူ​တို့​သည် များ​စွာ​သော​စ​ကား​တို့​ကို​ရွတ်​ဆို​လျှင် သူ​တို့​ကို နား​ထောင်​ပေး​လိမ့်​မည်​ဟု ထင်​မှတ်​ကြ​၏။

17-18. သို့​သော် သင်​သည် အ​စာ​ရှောင်​သော​အ​ခါ မိ​မိ​အ​စာ​ရှောင်​နေ​ကြောင်း​ကို လူ​တို့​ရှေ့​၌​မ​ထင်​ရှား​စေ​ဘဲ မ​ထင်​ရှား​သော​အ​ရပ်​၌​ရှိ​တော်​မူ​သော သင်​၏​အ​ဖ​ရှေ့​တော်​၌​သာ ထင်​ရှား​စေ​ရန် သင်​၏​ခေါင်း​ကို​ဆီ​လိမ်း​၍ သင်​၏​မျက်​နှာ​ကို​သစ်​လော့။ ထို​အ​ခါ မ​ထင်​ရှား​သော​အ​ရာ​ကို​မြင်​တော်​မူ​သော သင်​၏​အ​ဖ​သည် သင့်​အား ဆု​လာဘ်​ကို​ပေး​တော်​မူ​လိမ့်​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 6