1. သင်တို့၏ဖြောင့်မတ်သောအမှုကို လူတို့မြင်စေရန် လူတို့ရှေ့၌မပြုကြမည့်အကြောင်း သတိထားကြလော့။ သို့မဟုတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖထံမှ အကျိုးကျေးဇူးကို သင်တို့ရကြလိမ့်မည်မဟုတ်။
2. ထို့ကြောင့် သင်သည် ပေးကမ်းစွန့်ကြဲသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့သည် လူတို့၏ချီးမွမ်းခြင်းကိုခံရရန်အတွက် ဝတ်ပြုစည်းဝေးကျောင်းများနှင့် လမ်းကြားများတွင် ပြုတတ်ကြသကဲ့သို့ မိမိ၏ရှေ့၌တံပိုးကိုမမှုတ်စေနှင့်။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
3. သင်မူကား ပေးကမ်းစွန့်ကြဲသောအခါ သင်၏ပေးကမ်းစွန့်ကြဲခြင်းသည် မထင်ရှားမည့်အကြောင်း သင်၏လက်ယာလက်ပြုသည့်အရာကို သင်၏လက်ဝဲလက်အားမသိစေနှင့်။
4. ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
17-18. သို့သော် သင်သည် အစာရှောင်သောအခါ မိမိအစာရှောင်နေကြောင်းကို လူတို့ရှေ့၌မထင်ရှားစေဘဲ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖရှေ့တော်၌သာ ထင်ရှားစေရန် သင်၏ခေါင်းကိုဆီလိမ်း၍ သင်၏မျက်နှာကိုသစ်လော့။ ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။