6. “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် အောက်သို့ခုန်ချပါ။ အကြောင်းမှာ ‘ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်တို့ကို သင့်အဖို့မိန့်မှာတော်မူမည်ဖြစ်၍ သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေရန် သူတို့သည် သင့်ကို လက်ဖြင့်ချီပင့်ကြလိမ့်မည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု လျှောက်လေ၏။
7. ယေရှုကလည်း “‘သင်၏ဘုရားသခင်ထာဝရဘုရားကို အကဲမစမ်းရ’ဟူ၍လည်း ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
8. တစ်ဖန် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသောတောင်ပေါ်သို့ ခေါ်ဆောင်သွား၍ လောကီနိုင်ငံအားလုံးနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကိုညွှန်ပြကာ
9. “သင်သည် ပျပ်ဝပ်လျက် ငါ့ကိုရှိခိုးလျှင် ဤအရာအားလုံးတို့ကို သင့်အား ငါပေးမည်”ဟု လျှောက်လေ၏။
10. ယေရှုကလည်း “အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
11. ထိုအခါ မာရ်နတ်သည် ကိုယ်တော်ထံမှ ထွက်ခွာသွား၍ ကောင်းကင်တမန်များသည် ချဉ်းကပ်လာလျက် ကိုယ်တော်ကိုပြုစုကြ၏။
12. ယောဟန်အကျဉ်းချခံရကြောင်းကို ယေရှုသည်ကြားလျှင် ဂါလိလဲနယ်သို့ ကြွတော်မူ၏။