ရှင်​မဿဲ​ခ​ရစ်​ဝင် 4:4-13 Myanmar Standard Bible (MSB)

4. ကိုယ်​တော်​က​လည်း “‘လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ရှင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​နှုတ်​တော်​ထွက်​စ​ကား​ရှိ​သ​မျှ​အား​ဖြင့် အ​သက်​ရှင်​၏’​ဟူ​၍ ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်​မူ​၏။

5. ထို့​နောက် မာရ်​နတ်​သည် ကိုယ်​တော်​ကို သန့်​ရှင်း​သော​မြို့​တော်​သို့ ခေါ်​ဆောင်​သွား​၍ ဗိ​မာန်​တော်​ထိပ်​ဖျား​၌ ရပ်​စေ​ပြီး​လျှင်

6. “သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် အောက်​သို့​ခုန်​ချ​ပါ။ အ​ကြောင်း​မှာ ‘ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​တို့​ကို သင့်​အ​ဖို့​မိန့်​မှာ​တော်​မူ​မည်​ဖြစ်​၍ သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေ​ရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့်​ချီ​ပင့်​ကြ​လိမ့်​မည်’​ဟူ​၍ ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။

7. ယေ​ရှု​က​လည်း “‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​ကဲ​မ​စမ်း​ရ’​ဟူ​၍​လည်း ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်​မူ​၏။

8. တစ်​ဖန် မာရ်​နတ်​သည် ကိုယ်​တော်​ကို အ​လွန်​မြင့်​မား​သော​တောင်​ပေါ်​သို့ ခေါ်​ဆောင်​သွား​၍ လော​ကီ​နိုင်​ငံ​အား​လုံး​နှင့် ၎င်း​တို့​၏​ဘုန်း​စည်း​စိမ်​တို့​ကို​ညွှန်​ပြ​ကာ

9. “သင်​သည် ပျပ်​ဝပ်​လျက် ငါ့​ကို​ရှိ​ခိုး​လျှင် ဤ​အ​ရာ​အား​လုံး​တို့​ကို သင့်​အား ငါ​ပေး​မည်”​ဟု လျှောက်​လေ​၏။

10. ယေ​ရှု​က​လည်း “အ​ချင်း​စာ​တန်၊ ထွက်​သွား​လော့။ ‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှိ​ခိုး​၍ ထို​အ​ရှင်​တစ်​ပါး​တည်း​ကို​သာ ဝတ်​ပြု​ရ​မည်’​ဟူ​၍ ကျမ်း​စာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်​မူ​၏။

11. ထို​အ​ခါ မာရ်​နတ်​သည် ကိုယ်​တော်​ထံ​မှ ထွက်​ခွာ​သွား​၍ ကောင်း​ကင်​တ​မန်​များ​သည် ချဉ်း​ကပ်​လာ​လျက် ကိုယ်​တော်​ကို​ပြု​စု​ကြ​၏။

12. ယော​ဟန်​အ​ကျဉ်း​ချ​ခံ​ရ​ကြောင်း​ကို ယေ​ရှု​သည်​ကြား​လျှင် ဂါ​လိ​လဲ​နယ်​သို့ ကြွ​တော်​မူ​၏။

13. ထို့​နောက် နာ​ဇ​ရက်​မြို့​ကို​စွန့်​ခွာ​၍ ပင်​လယ်​ကမ်း​နား​၌​ရှိ​သော က​ပေ​ရ​နောင်​မြို့​သို့ သွား​ရောက်​နေ​ထိုင်​တော်​မူ​၏။ ထို​မြို့​သည် ဇာ​ဗု​လုန်​နယ်​နှင့်​နဿ​လိ​နယ်​ဆိုင်​ရာ​အ​ရပ်​ဒေ​သ​၌​ရှိ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 4