14. ဤသတင်းသည် ဘုရင်ခံ၏နားသို့ပေါက်ကြားခဲ့လျှင် သူ့ကို ငါတို့ဖျောင်းဖျ၍ သင်တို့၌စိုးရိမ်စရာမရှိစေရန် ဆောင်ရွက်ပေးမည်”ဟု ဆိုကြ၏။
15. ထိုအခါ စစ်သားတို့သည် ငွေကိုယူ၍ သူတို့အား သင်ပေးထားသည့်အတိုင်းပြုကြ၏။ ဤသို့ဖြင့် ထိုသတင်းသည် ဂျူးလူမျိုးတို့ကြားတွင် ယနေ့တိုင်အောင်ပျံ့နှံ့လျက်ရှိ၏။
16. ထို့နောက် တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့သည် ဂါလိလဲနယ်သို့သွား၍ သူတို့အား ယေရှုမှာကြားထားတော်မူသောတောင်ပေါ်သို့ တက်ကြပြီး
17. ကိုယ်တော်ကိုတွေ့မြင်၍ ရှိခိုးကြ၏။ သို့သော် အချို့တို့သည် သံသယဖြစ်ကြ၏။
18. ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍ “ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
19. ထို့ကြောင့် သင်တို့သည်သွား၍ လူမျိုးတကာတို့အား ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတို့ကိုဗတ္တိဇံပေးကြလော့။
20. သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။