ရှင်​မဿဲ​ခ​ရစ်​ဝင် 28:10-19 Myanmar Standard Bible (MSB)

10. ထို့​နောက် ယေ​ရှု​က “ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သွား​၍ ငါ​၏​ညီ​အစ်​ကို​တို့​အား ဂါ​လိ​လဲ​နယ်​သို့​သွား​ရန် ပြော​ကြား​ကြ​လော့။ သူ​တို့​သည် ထို​နေ​ရာ​၌ ငါ့​ကို​တွေ့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

11. ထို​အ​မျိုး​သ​မီး​တို့​သွား​ကြ​စဉ်​တွင် အ​စောင့်​တပ်​သား​အ​ချို့​တို့​သည်​လည်း မြို့​ထဲ​သို့​လာ​၍ ဖြစ်​ပျက်​ခဲ့​သ​မျှ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ သ​တင်း​ပို့​ကြ​၏။

12. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် သက်​ကြီး​ဝါ​ကြီး​တို့​နှင့်​အ​တူ​စု​ဝေး​၍ တိုင်​ပင်​ဆွေး​နွေး​ကြ​ပြီး​မှ စစ်​သား​တို့​အား ငွေ​အ​မြောက်​အ​မြား​ပေး​လျက်

13. “‘ည​အ​ချိန် ငါ​တို့​အိပ်​ပျော်​နေ​စဉ် သူ​၏​တ​ပည့်​တို့​သည် လာ​၍ အ​လောင်း​ကို​ခိုး​သွား​ကြ​သည်’​ဟု ပြော​ကြ​လော့။

14. ဤ​သ​တင်း​သည် ဘု​ရင်​ခံ​၏​နား​သို့​ပေါက်​ကြား​ခဲ့​လျှင် သူ့​ကို ငါ​တို့​ဖျောင်း​ဖျ​၍ သင်​တို့​၌​စိုး​ရိမ်​စ​ရာ​မ​ရှိ​စေ​ရန် ဆောင်​ရွက်​ပေး​မည်”​ဟု ဆို​ကြ​၏။

15. ထို​အ​ခါ စစ်​သား​တို့​သည် ငွေ​ကို​ယူ​၍ သူ​တို့​အား သင်​ပေး​ထား​သည့်​အ​တိုင်း​ပြု​ကြ​၏။ ဤ​သို့​ဖြင့် ထို​သ​တင်း​သည် ဂျူး​လူ​မျိုး​တို့​ကြား​တွင် ယ​နေ့​တိုင်​အောင်​ပျံ့​နှံ့​လျက်​ရှိ​၏။

16. ထို့​နောက် တစ်​ဆယ့်​တစ်​ပါး​သော​တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​နယ်​သို့​သွား​၍ သူ​တို့​အား ယေ​ရှု​မှာ​ကြား​ထား​တော်​မူ​သော​တောင်​ပေါ်​သို့ တက်​ကြ​ပြီး

17. ကိုယ်​တော်​ကို​တွေ့​မြင်​၍ ရှိ​ခိုး​ကြ​၏။ သို့​သော် အ​ချို့​တို့​သည် သံ​သ​ယ​ဖြစ်​ကြ​၏။

18. ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​ထံ​သို့​ချဉ်း​ကပ်​၍ “ကောင်း​ကင်​နှင့်​မြေ​ကြီး​ပေါ်​၌ ရှိ​သ​မျှ​သော​အ​ခွင့်​အာ​ဏာ​တို့​ကို ငါ့​ထံ​ပေး​အပ်​တော်​မူ​ပြီ။

19. ထို့​ကြောင့် သင်​တို့​သည်​သွား​၍ လူ​မျိုး​တ​ကာ​တို့​အား ငါ့​တ​ပည့်​ဖြစ်​စေ​လျက် ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နာ​မ​၌ သူ​တို့​ကို​ဗတ္တိ​ဇံ​ပေး​ကြ​လော့။

ရှင်​မဿဲ​ခ​ရစ်​ဝင် 28