ရှင်​မဿဲ​ခ​ရစ်​ဝင် 26:67-75 Myanmar Standard Bible (MSB)

67. ထို့​နောက် သူ​တို့​သည် ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​လျက် ကိုယ်​တော်​ကို​ထိုး​နှက်​ကြ​၏။ အ​ချို့​တို့​သည်​လည်း ကိုယ်​တော်​ကို​ရိုက်​ပုတ်​လျက်

68. “အ​ချင်း​ခ​ရစ်​တော်၊ သင့်​ကို​ရိုက်​သော​သူ​သည် မည်​သူ​ဖြစ်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။

69. ပေ​တ​ရု​မူ​ကား အိမ်​အ​ပြင် ခြံ​ဝင်း​အ​တွင်း​၌ ထိုင်​နေ​၏။ ထို​အ​ခါ အ​စေ​ခံ​မိန်း​မ​တစ်​ယောက်​သည် သူ့​ထံ​သို့​ချဉ်း​ကပ်​လာ​၍ “သင်​သည်​လည်း ဂါ​လိ​လဲ​နယ်​သား​ယေ​ရှု​နှင့်​အ​တူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။

70. သို့​သော် ပေ​တ​ရု​က “သင်​ပြော​နေ​သည့်​အ​ရာ​ကို ငါ​မ​သိ”​ဟု အား​လုံး​ရှေ့​တွင် ငြင်း​ဆို​လေ​၏။

71. ထို့​နောက် ဝင်း​တံ​ခါး​ဘက်​သို့​ထွက်​သွား​ရာ အ​ခြား​အ​စေ​ခံ​မိန်း​မ​တစ်​ယောက်​သည် သူ့​ကို​တွေ့​သ​ဖြင့် ထို​နေ​ရာ​၌​ရှိ​သော​သူ​တို့​အား “ဤ​သူ​သည် နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​အ​တူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။

72. ပေ​တ​ရု​က​လည်း “ထို​လူ​ကို​ငါ​မ​သိ”​ဟု တစ်​ဖန်​ကျိန်​တွယ်​လျက် ငြင်း​ဆို​လေ​၏။

73. ထို့​နောက် ခ​ဏ​ကြာ​လျှင် အ​နီး​တွင်​ရပ်​နေ​သော​သူ​တို့​သည် ပေ​တ​ရု​ထံ​သို့ ချဉ်း​ကပ်​လာ​၍ “အ​မှန်​စင်​စစ် သင်​သည်​လည်း ထို​သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​ဖြစ်​သည်။ အ​ကြောင်း​မူ​ကား သင်​၏​ပြော​ဆို​ပုံ​သည် သင့်​ကို သိ​သာ​ထင်​ရှား​စေ​သည်”​ဟု ဆို​ကြ​၏။

74. ပေ​တ​ရု​က​လည်း “ထို​သူ​ကို​ငါ​မ​သိ”​ဟု တိုင်​တည်​၍ ကျိန်​ဆို​သည်​နှင့် ချက်​ချင်း​ပင် ကြက်​တွန်​လေ​၏။

75. ထို​အ​ခါ ပေ​တ​ရု​သည် “ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်”​ဟု ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား​ကို သ​တိ​ရ​သ​ဖြင့် အ​ပြင်​သို့​ထွက်​၍ သည်း​ထန်​စွာ​ငို​ကြွေး​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 26