ရှင်​မဿဲ​ခ​ရစ်​ဝင် 26:62-65 Myanmar Standard Bible (MSB)

62. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ထ​၍ “သင်​သည် တစ်​ခွန်း​မျှ​မ​ဖြေ​ဘဲ​နေ​သ​လော။ ဤ​သူ​တို့​သည် သင့်​တစ်​ဖက်​၌ သက်​သေ​ခံ​ကြ​သည်​မှာ မည်​သို့​နည်း”​ဟု ကိုယ်​တော်​အား​မေး​လေ​၏။

63. သို့​သော် ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း “သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော် ခ​ရစ်​တော်​ဟုတ်​မ​ဟုတ် ငါ​တို့​အား​ပြော​ရန် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင်​တည်​၍ သင့်​အား ငါ​အ​မိန့်​ပေး​၏”​ဟု ဆို​၏။

64. ယေ​ရှု​က “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း။ ထို့​ပြင် သင်​တို့​အား ငါ​ဆို​မည်။ နောင်​တွင် လူ့​သား​သည် တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​၏​လက်​ယာ​ဘက်​၌​ထိုင်​၍​ကောင်း​ကင်​မိုး​တိမ်​များ​စီး​လျက်​ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

65. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏​ဝတ်​ရုံ​ကို​ဆုတ်​ဖြဲ​လျက် “သူ​သည် ဘု​ရား​သ​ခင်​ကို စော်​ကား​ပြော​ဆို​လေ​ပြီ။ နောက်​ထပ် မည်​သည့်​သက်​သေ​များ​လို​သေး​သ​နည်း။ ဘု​ရား​သ​ခင်​အား​စော်​ကား​ပြော​ဆို​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။

ရှင်​မဿဲ​ခ​ရစ်​ဝင် 26