ရှင်​မဿဲ​ခ​ရစ်​ဝင် 26:50-63 Myanmar Standard Bible (MSB)

50. ယေ​ရှု​က​လည်း “အ​ဆွေ၊ သင်​လာ​သည့်​အ​ကြောင်း​ကိစ္စ​ကို​ဆောင်​ရွက်​လော့”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ လူ​တို့​သည် ချဉ်း​ကပ်​၍ ယေ​ရှု​ကို​ဖမ်း​ဆီး​ချုပ်​ကိုင်​ထား​ကြ​၏။

51. ထို​စဉ် ယေ​ရှု​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ထဲ​မှ တစ်​ဦး​သည် လက်​ကို​ဆန့်​၍ မိ​မိ​၏​ဓား​ကို​ဆွဲ​ထုတ်​ကာ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​အ​ပါး​တစ်​ဦး​ကို​ခုတ်​သ​ဖြင့် ထို​သူ​၏​နား​ရွက်​ပြတ်​သွား​လေ​၏။

52. ယေ​ရှု​က​လည်း ထို​သူ​အား “သင်​၏​ဓား​ကို သူ့​နေ​ရာ​၌​ပြန်​ထား​လော့။ အ​ကြောင်း​မူ​ကား ဓား​ကိုင်​သော​သူ​အား​လုံး​တို့​သည် ဓား​ဖြင့်​ပျက်​စီး​ရ​လိမ့်​မည်။

53. ယ​ခု​ပင် တစ်​ဆယ့်​နှစ်​တပ်​ထက်​များ​ပြား​သော ကောင်း​ကင်​တ​မန်​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည့်​အ​ကြောင်း ခ​မည်း​တော်​ထံ​သို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သ​လော။

54. သို့​ဖြစ်​လျှင် ဤ​သို့​ဖြစ်​ရ​မည်​ဟု​ဆို​ထား​သော ကျမ်း​ချက်​များ​သည် မည်​သို့​ပြည့်​စုံ​ခြင်း​သို့​ရောက်​နိုင်​မည်​နည်း”​ဟု မိန့်​တော်​မူ​၏။

55. ထို​အ​ချိန်​တွင် ယေ​ရှု​သည် လူ​အ​စု​အ​ဝေး​တို့​အား “သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ တုတ်၊ ဓား​များ​ကိုင်​ဆောင်​လျက် ငါ့​ကို​ဖမ်း​ဆီး​ရန်​လာ​ကြ​သ​လော။ ငါ​သည် နေ့​တိုင်း ဗိ​မာန်​တော်​၌​ထိုင်​လျက် သွန်​သင်​နေ​ခဲ့​သော်​လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်း​ဆီး​ကြ။

56. သို့​သော် ဤ​အ​မှု​အ​ရာ​အား​လုံး​ဖြစ်​ပျက်​ရ​ခြင်း​မှာ ပ​ရော​ဖက်​ကျမ်း​များ​ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ တ​ပည့်​တော်​အား​လုံး​တို့​သည် ကိုယ်​တော်​ကို​စွန့်​ခွာ​၍ ထွက်​ပြေး​ကြ​၏။

57. ယေ​ရှု​ကို​ဖမ်း​ဆီး​သော​သူ​တို့​သည် ကျမ်း​ပြု​ဆ​ရာ​များ​နှင့်​သက်​ကြီး​ဝါ​ကြီး​တို့​စု​ဝေး​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​ထံ​သို့ ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။

58. ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​အ​ထိ ကိုယ်​တော်​၏​နောက်​သို့ မ​လှမ်း​မ​ကမ်း​မှ​လိုက်​သွား​ကာ နောက်​ဆုံး​မည်​သို့​ဖြစ်​မည်​ကို​သိ​မြင်​ရန် အ​ထဲ​သို့​ဝင်​၍ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​ထိုင်​နေ​၏။

59. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​တ​ရား​လွှတ်​တော်​တစ်​ရပ်​လုံး​သည် ယေ​ရှု​ကို သေ​ဒဏ်​ချ​မှတ်​နိုင်​ရန် ကိုယ်​တော်​၏​ပြစ်​မှု​ကို​ထင်​ရှား​စေ​မည့် မ​မှန်​သော​သက်​သေ​ကို​ရှာ​ကြ​၏။

60. မ​မှန်​သော​သက်​သေ​ထွက်​ဆို​သော​သူ များ​စွာ​လာ​ကြ​သော်​လည်း မည်​သည့်​အ​ထောက်​အ​ထား​မျှ​မ​တွေ့​ရ​ကြ။ နောက်​ဆုံး​တွင် လူ​နှစ်​ဦး​သည် လာ​၍

61. “ဤ​သူ​က ‘ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍ သုံး​ရက်​အ​တွင်း ပြန်​လည်​တည်​ဆောက်​နိုင်​သည်’​ဟု ပြော​ပါ​သည်”​ဟူ​၍ ထွက်​ဆို​ကြ​၏။

62. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ထ​၍ “သင်​သည် တစ်​ခွန်း​မျှ​မ​ဖြေ​ဘဲ​နေ​သ​လော။ ဤ​သူ​တို့​သည် သင့်​တစ်​ဖက်​၌ သက်​သေ​ခံ​ကြ​သည်​မှာ မည်​သို့​နည်း”​ဟု ကိုယ်​တော်​အား​မေး​လေ​၏။

63. သို့​သော် ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း “သင်​သည် ဘု​ရား​သ​ခင်​၏​သား​တော် ခ​ရစ်​တော်​ဟုတ်​မ​ဟုတ် ငါ​တို့​အား​ပြော​ရန် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင်​တည်​၍ သင့်​အား ငါ​အ​မိန့်​ပေး​၏”​ဟု ဆို​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 26