4. ယေရှုကို ပရိယာယ်အားဖြင့်ဖမ်းဆီး၍ သတ်ဖြတ်ရန် တိုင်ပင်ကြ၏။
5. သို့သော် သူတို့က “လူထုကြားထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။
6. ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်၌ ယေရှုရှိတော်မူစဉ်
7. အလွန်တန်ဖိုးကြီးသောဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးပါသော အမျိုးသမီးတစ်ဦးသည် အထံတော်သို့ချဉ်းကပ်၍ စားပွဲ၌ထိုင်နေသော ကိုယ်တော်၏ခေါင်းပေါ်၌ ထိုဆီမွှေးကို သွန်းလောင်းလေ၏။
8. တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း။
9. ဤဆီမွှေးကို အဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု ဆိုကြ၏။
10. ယေရှုသည် သိတော်မူ၍ “ဤအမျိုးသမီးကို အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ အမှန်စင်စစ် သူသည် ငါ့အတွက် ကောင်းသောအမှုကိုပြုလေပြီ။