ရှင်​မဿဲ​ခ​ရစ်​ဝင် 26:37-52 Myanmar Standard Bible (MSB)

37. ပေ​တ​ရု​နှင့် ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် ဝမ်း​နည်း​ခြင်း​နှင့်​စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့်

38. “ငါ​၏​စိတ်​ဝိ​ညာဉ်​သည် သေ​လု​မ​တတ် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​၏။ ဤ​နေ​ရာ​၌​နေ​၍ ငါ​နှင့်​အ​တူ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

39. ထို့​နောက် ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​ပြီး ပျပ်​ဝပ်​လျက် “အ​ကျွန်ုပ်​၏​အ​ဖ၊ ဖြစ်​နိုင်​လျှင် ဤ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ လွန်​သွား​စေ​တော်​မူ​ပါ။ သို့​သော် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ဘဲ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​တော်​မူ​ပါ”​ဟု ဆု​တောင်း​တော်​မူ​၏။

40. ထို့​နောက် တ​ပည့်​တော်​တို့​ထံ​သို့ ပြန်​လာ​၍ သူ​တို့​အိပ်​ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်​မူ​လျှင် ပေ​တ​ရု​အား “သင်​တို့​သည် တစ်​နာ​ရီ​မျှ ငါ​နှင့်​အ​တူ သ​တိ​နှင့်​မ​စောင့်​နိုင်​ကြ​သ​လော။

41. ဖြား​ယောင်း​သွေး​ဆောင်​ရာ​ထဲ​သို့ မ​ကျ​ရောက်​စေ​ရန် သ​တိ​နှင့်​စောင့်​နေ​လျက် ဆု​တောင်း​ကြ​လော့။ စိတ်​ဝိ​ညာဉ်​သည် ထက်​သန်​သော်​လည်း ကိုယ်​ကာ​ယ​မူ​ကား အား​နည်း​၏”​ဟု မိန့်​တော်​မူ​၏။

42. တစ်​ဖန် ဒု​တိ​ယ​အ​ကြိမ်​ထွက်​သွား​၍ “အ​ကျွန်ုပ်​၏​အ​ဖ၊ ဤ​ခွက်​ကို အ​ကျွန်ုပ်​မ​သောက်​ဘဲ လွန်​သွား​ရန် မ​ဖြစ်​နိုင်​ပါ​က ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​တော်​မူ​ပါ”​ဟု ဆု​တောင်း​တော်​မူ​၏။

43. ထို့​နောက် တစ်​ဖန်​ပြန်​လာ​၍ တ​ပည့်​တော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် အိပ်​ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင်

44. သူ​တို့​ကို​ထား​ခဲ့​၍ တစ်​ဖန်​ကြွ​သွား​လျက် အ​ထက်​က တောင်း​လျှောက်​ခဲ့​သည့်​အ​တိုင်း တ​တိ​ယ​အ​ကြိမ် ထပ်​၍​ဆု​တောင်း​တော်​မူ​၏။

45. ထို့​နောက် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ထံ​သို့ ပြန်​လာ​၍ “ယ​ခု​တိုင်​အောင်​အိပ်​ပျော်​လျက် အ​နား​ယူ​နေ​ကြ​သ​လော။ ကြည့်​ရှု​လော့။ အ​ချိန်​ရောက်​လာ​ပြီ။ လူ့​သား​သည် အ​ပြစ်​သား​တို့​၏​လက်​သို့ အပ်​နှံ​ခြင်း​ခံ​ရ​တော့​မည်။

46. ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်​နှံ​မည့်​သူ​ရောက်​လာ​ပြီ”​ဟု မိန့်​တော်​မူ​၏။

47. ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​စဉ် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သော​ယု​ဒ​သည် ရောက်​လာ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် လူ​ထု​ထဲ​မှ​သက်​ကြီး​ဝါ​ကြီး​တို့​က စေ​လွှတ်​လိုက်​သည့် များ​စွာ​သော​လူ​အ​စု​အ​ဝေး​တို့​သည်​လည်း တုတ်၊ ဓား​များ​ကိုင်​ဆောင်​လျက် သူ​နှင့်​အ​တူ​ပါ​လာ​၏။

48. ကိုယ်​တော်​ကို​အပ်​နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ထို​သူ​ပင်​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​ကြ​လော့”​ဟု ဆို​လျက် အ​ချက်​ပြ​အ​မှတ်​အ​သား​ကို သူ​တို့​အား​ပေး​ထား​၏။

49. ထို့​ကြောင့် သူ​သည် ယေ​ရှု​ထံ​သို့ ချက်​ချင်း​ချဉ်း​ကပ်​၍ “မင်္ဂ​လာ​ပါ၊ ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်​တော်​ကို​နမ်း​လေ​၏။

50. ယေ​ရှု​က​လည်း “အ​ဆွေ၊ သင်​လာ​သည့်​အ​ကြောင်း​ကိစ္စ​ကို​ဆောင်​ရွက်​လော့”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ လူ​တို့​သည် ချဉ်း​ကပ်​၍ ယေ​ရှု​ကို​ဖမ်း​ဆီး​ချုပ်​ကိုင်​ထား​ကြ​၏။

51. ထို​စဉ် ယေ​ရှု​နှင့်​အ​တူ​ရှိ​သော​သူ​တို့​ထဲ​မှ တစ်​ဦး​သည် လက်​ကို​ဆန့်​၍ မိ​မိ​၏​ဓား​ကို​ဆွဲ​ထုတ်​ကာ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​အ​ပါး​တစ်​ဦး​ကို​ခုတ်​သ​ဖြင့် ထို​သူ​၏​နား​ရွက်​ပြတ်​သွား​လေ​၏။

52. ယေ​ရှု​က​လည်း ထို​သူ​အား “သင်​၏​ဓား​ကို သူ့​နေ​ရာ​၌​ပြန်​ထား​လော့။ အ​ကြောင်း​မူ​ကား ဓား​ကိုင်​သော​သူ​အား​လုံး​တို့​သည် ဓား​ဖြင့်​ပျက်​စီး​ရ​လိမ့်​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 26