ရှင်​မဿဲ​ခ​ရစ်​ဝင် 26:3-16 Myanmar Standard Bible (MSB)

3. ထို​အ​ချိန်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် လူ​ထု​ထဲ​မှ​သက်​ကြီး​ဝါ​ကြီး​တို့​သည် က​ယာ​ဖ​ဟု​ခေါ်​သော ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​ထဲ​၌ စု​ဝေး​လျက်

4. ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့်​ဖမ်း​ဆီး​၍ သတ်​ဖြတ်​ရန် တိုင်​ပင်​ကြ​၏။

5. သို့​သော် သူ​တို့​က “လူ​ထု​ကြား​ထဲ​တွင် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်​ရ​သည်​ဖြစ်​၍ ပွဲ​တော်​အ​တွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြော​ဆို​ကြ​၏။

6. ဗေ​သ​နိ​ရွာ​တွင် အ​နာ​ကြီး​ရော​ဂါ​သည်​ရှိ​မုန်​၏​အိမ်​၌ ယေ​ရှု​ရှိ​တော်​မူ​စဉ်

7. အ​လွန်​တန်​ဖိုး​ကြီး​သော​ဆီ​မွှေး​ထည့်​ထား​သည့် ကျောက်​ဖြူ​ဘူး​ပါ​သော အ​မျိုး​သ​မီး​တစ်​ဦး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ စား​ပွဲ​၌​ထိုင်​နေ​သော ကိုယ်​တော်​၏​ခေါင်း​ပေါ်​၌ ထို​ဆီ​မွှေး​ကို သွန်း​လောင်း​လေ​၏။

8. တ​ပည့်​တော်​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် စိတ်​ဆိုး​လျက် “အ​ဘယ်​ကြောင့် ဤ​သို့​ဖြုန်း​တီး​ရ​သ​နည်း။

9. ဤ​ဆီ​မွှေး​ကို အ​ဖိုး​များ​စွာ​နှင့်​ရောင်း​၍ ဆင်း​ရဲ​သား​တို့​ကို ပေး​ကမ်း​နိုင်​သည်”​ဟု ဆို​ကြ​၏။

10. ယေ​ရှု​သည် သိ​တော်​မူ​၍ “ဤ​အ​မျိုး​သ​မီး​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ အ​မှန်​စင်​စစ် သူ​သည် ငါ့​အ​တွက် ကောင်း​သော​အ​မှု​ကို​ပြု​လေ​ပြီ။

11. အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​သည် သင်​တို့​နှင့်​အ​တူ အ​စဉ်​ရှိ​ကြ​၏။ ငါ​မူ​ကား သင်​တို့​နှင့်​အ​တူ အ​စဉ်​ရှိ​သည်​မ​ဟုတ်။

12. ဤ​အ​မျိုး​သ​မီး​သည် ဆီ​မွှေး​ကို ငါ့​ကိုယ်​ပေါ်​၌ သွန်း​လောင်း​ခဲ့​ခြင်း​မှာ ငါ့​ကို​သင်္ဂြိုဟ်​ရန် ပြင်​ဆင်​ခြင်း​ဖြစ်​၏။

13. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် ကောင်း​မြတ်​သော​သ​တင်း​ကို ဟော​ပြော​သည့်​နေ​ရာ​တိုင်း​၌ ဤ​အ​မျိုး​သ​မီး​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​လည်း သူ​၏​အ​မှတ်​တ​ရ​အ​ဖြစ် ပြော​ကြား​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

14. ထို့​နောက် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သော​ယု​ဒ​ဣ​ရှ​ကာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ​သို့​သွား​၍

15. “ယေ​ရှု​ကို သင်​တို့​လက်​သို့​အပ်​နှံ​လျှင် သင်​တို့​သည် အ​ကျွန်ုပ်​အား ငွေ​မည်​မျှ​ပေး​မည်​နည်း”​ဟု ဆို​သော် သူ​တို့​သည် ယု​ဒ​အား ငွေဒင်္ဂါး​သုံး​ဆယ်​ကို သတ်​မှတ်​ပေး​ကြ​၏။

16. ထို​အ​ချိန်​မှ​စ​၍ ယု​ဒ​သည် ကိုယ်​တော်​ကို​အပ်​နှံ​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​ကြံ​လျက်​နေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 26