ရှင်​မဿဲ​ခ​ရစ်​ဝင် 26:20-37 Myanmar Standard Bible (MSB)

20. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​နှင့်​အ​တူ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

21. သူ​တို့​သည်​စား​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သင်​တို့​အ​ထဲ​မှ​တစ်​ယောက်​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

22. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​လွန်​စိတ်​မ​ကောင်း​ဖြစ်​ကြ​လျက် “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​လော”​ဟု ကိုယ်​တော်​အား တစ်​ဦး​ပြီး​တစ်​ဦး​မေး​လျှောက်​ကြ​၏။

23. ကိုယ်​တော်​က​လည်း “ငါ​နှင့်​အ​တူ​တစ်​ပန်း​ကန်​ထဲ​တွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်။

24. လူ့​သား​သည် မိ​မိ​နှင့်​ပတ်​သက်​၍ ရေး​ထား​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။ ထို​သူ​သည် မ​မွေး​ဖွား​လာ​ခဲ့​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

25. ထို​အ​ခါ ကိုယ်​တော်​ကို​အပ်​နှံ​တော့​မည့်​ယု​ဒ​က “ရဗ္ဗိ၊ အ​ကျွန်ုပ်​လော”​ဟု မေး​လျှောက်​သော် ကိုယ်​တော်​က “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

26. ထို့​နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ယေ​ရှု​သည် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ တ​ပည့်​တော်​တို့​အား​ပေး​လျက် “ယူ​၍​စား​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

27. ခွက်​ကို​လည်း​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် သူ​တို့​အား​ပေး​လျက် “သင်​တို့​အား​လုံး ဤ​ခွက်​ကို​သောက်​ကြ​လော့။

28. ဤ​သည်​ကား အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အ​တွက် လူ​များ​စွာ​အ​ဖို့​သွန်း​လောင်း​သည့် ပ​ဋိ​ညာဉ်​နှင့်​ဆိုင်​သော ငါ​၏​သွေး​ဖြစ်​၏။

29. သင်​တို့​အား ငါ​ဆို​သည်​ကား ငါ့​ခ​မည်း​တော်​၏​နိုင်​ငံ​တော်​၌ သင်​တို့​နှင့်​အ​တူ​အ​သစ်​ပြန်​သောက်​မည့် ထို​နေ့​ရက်​တိုင်​အောင် ယ​ခု​မှ​စ​၍ စ​ပျစ်​သီး​မှ​ဖြစ်​သော​ဤ​အ​ရည်​ကို ငါ​လုံး​ဝ​သောက်​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

30. ထို့​နောက် သူ​တို့​သည် ချီး​မွမ်း​သီ​ချင်း​သီ​ဆို​ပြီး​မှ သံ​လွင်​တောင်​သို့​ထွက်​သွား​ကြ​၏။

31. ထို​အ​ခါ ယေ​ရှု​က “‘ငါ​သည် သိုး​ထိန်း​ကို​ခုတ်​သတ်​သ​ဖြင့် သိုး​အုပ်​သည် ကွဲ​လွင့်​သွား​ရ​လိမ့်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​ဖြစ်​၍ ဤ​ည​၌ သင်​တို့​အား​လုံး​သည် ငါ့​ကြောင့်​စိတ်​ပျက်​ကြ​လိမ့်​မည်။

32. သို့​သော် ငါ​သည် ထ​မြောက်​ပြီး​နောက် ဂါ​လိ​လဲ​နယ်​သို့ သင်​တို့​ထက် အ​လျင်​ဦး​စွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်​မူ​၏။

33. ထို​အ​ခါ ပေ​တ​ရု​က “ကိုယ်​တော်​ကြောင့် အား​လုံး​စိတ်​ပျက်​ကြ​လျှင်​လည်း အ​ကျွန်ုပ်​သည် မည်​သည့်​အ​ခါ​မျှ စိတ်​ပျက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​လျှောက်​လေ​၏။

34. ယေ​ရှု​က​လည်း “သင့်​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​ည​တွင်​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင် ငြင်း​ပယ်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

35. ပေ​တ​ရု​က “အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ​သေ​ရ​လျှင်​ပင် ကိုယ်​တော်​ကို လုံး​ဝ​မ​ငြင်း​ပယ်​ပါ”​ဟု လျှောက်​လေ​၏။ တ​ပည့်​တော်​အား​လုံး​တို့​သည်​လည်း ထို​နည်း​တူ​လျှောက်​ကြ​၏။

36. ထို့​နောက် ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ဂေ​သ​ရှေ​မန်​ဟု​ခေါ်​သော​အ​ရပ်​သို့ ရောက်​တော်​မူ​၏။ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား “ငါ​သည် ထို​နေ​ရာ​သို့​သွား​၍ ဆု​တောင်း​စဉ်​တွင် ဤ​နေ​ရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု မိန့်​တော်​မူ​ပြီး​လျှင်

37. ပေ​တ​ရု​နှင့် ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား​တော်​မူ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် ဝမ်း​နည်း​ခြင်း​နှင့်​စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့်

ရှင်​မဿဲ​ခ​ရစ်​ဝင် 26