ရှင်​မဿဲ​ခ​ရစ်​ဝင် 26:17-27 Myanmar Standard Bible (MSB)

17. တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​၏​ပ​ထ​မ​နေ့​တွင် တ​ပည့်​တော်​တို့​သည် ယေ​ရှု​ထံ​သို့​ချဉ်း​ကပ်​၍ “ပ​သ​ခါ​ပွဲ​တော်​ည​စာ​ကို ကိုယ်​တော်​သုံး​ဆောင်​ရန် အ​ကျွန်ုပ်​တို့​အား မည်​သည့်​နေ​ရာ​၌ ပြင်​ဆင်​စေ​လို​ပါ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

18. ကိုယ်​တော်​က​လည်း “မြို့​ထဲ​သို့​သွား​၍ တစ်​ယောက်​သော​သူ​အား ‘ငါ​၏​အ​ချိန်​နီး​ပြီ။ ပ​သ​ခါ​ပွဲ​တော်​ကို သင့်​ထံ​၌ ငါ​၏​တ​ပည့်​များ​နှင့်​အ​တူ​ကျင်း​ပ​မည်’​ဟူ​၍ ဆ​ရာ​က​မှာ​လိုက်​သည်​ဟု ထို​သူ​အား ပြော​ကြ​လော့”​ဟူ​၍ မိန့်​တော်​မူ​၏။

19. ထို့​ကြောင့် တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​အား ယေ​ရှု​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​ပြီး ပ​သ​ခါ​ပွဲ​တော်​ကို​ပြင်​ဆင်​ကြ​၏။

20. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​နှင့်​အ​တူ စား​ပွဲ​၌​ထိုင်​တော်​မူ​၏။

21. သူ​တို့​သည်​စား​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သင်​တို့​အ​ထဲ​မှ​တစ်​ယောက်​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

22. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​လွန်​စိတ်​မ​ကောင်း​ဖြစ်​ကြ​လျက် “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​လော”​ဟု ကိုယ်​တော်​အား တစ်​ဦး​ပြီး​တစ်​ဦး​မေး​လျှောက်​ကြ​၏။

23. ကိုယ်​တော်​က​လည်း “ငါ​နှင့်​အ​တူ​တစ်​ပန်း​ကန်​ထဲ​တွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်။

24. လူ့​သား​သည် မိ​မိ​နှင့်​ပတ်​သက်​၍ ရေး​ထား​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။ ထို​သူ​သည် မ​မွေး​ဖွား​လာ​ခဲ့​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

25. ထို​အ​ခါ ကိုယ်​တော်​ကို​အပ်​နှံ​တော့​မည့်​ယု​ဒ​က “ရဗ္ဗိ၊ အ​ကျွန်ုပ်​လော”​ဟု မေး​လျှောက်​သော် ကိုယ်​တော်​က “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

26. ထို့​နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ယေ​ရှု​သည် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ တ​ပည့်​တော်​တို့​အား​ပေး​လျက် “ယူ​၍​စား​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

27. ခွက်​ကို​လည်း​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် သူ​တို့​အား​ပေး​လျက် “သင်​တို့​အား​လုံး ဤ​ခွက်​ကို​သောက်​ကြ​လော့။

ရှင်​မဿဲ​ခ​ရစ်​ဝင် 26