ရှင်​မဿဲ​ခ​ရစ်​ဝင် 24:32-39 Myanmar Standard Bible (MSB)

32. သ​ဖန်း​ပင်​မှ ပုံ​ဥ​ပ​မာ​ကို သင်​ယူ​ကြ​လော့။ ၎င်း​၏​အ​ကိုင်း​အ​ခက်​သည်​နု​လာ​ပြီး အ​ရွက်​များ​ထွက်​လာ​သော​အ​ခါ နွေ​ရာ​သီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။

33. ထို​နည်း​တူ သင်​တို့​သည်​လည်း ဤ​အ​ရာ​အား​လုံး​ကို​မြင်​ရ​သော​အ​ခါ လူ့​သား​သည် တံ​ခါး​ဝ​အ​နီး​သို့ ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့။

34. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​အ​ရာ​အား​လုံး​မ​ဖြစ်​ပျက်​မီ​တိုင်​အောင် ဤ​မျိုး​ဆက်​သည် လုံး​ဝ​မ​ကွယ်​ပျောက်​ရာ။

35. ကောင်း​ကင်​နှင့်​မြေ​ကြီး​သည် ကွယ်​ပျောက်​သွား​လိမ့်​မည်။ ငါ့​စ​ကား​မူ​ကား မည်​သည့်​အ​ခါ​မျှ ကွယ်​ပျောက်​လိမ့်​မည်​မ​ဟုတ်။

36. ထို​နေ့​ရက်၊ ထို​အ​ချိန်​နာ​ရီ​နှင့်​ပတ်​သက်​၍​မူ​ကား ခ​မည်း​တော်​တစ်​ပါး​တည်း​မှ​လွဲ​၍ မည်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ​ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။

37. လူ့​သား​၏​ကြွ​လာ​ခြင်း​သည် နော​ဧ​၏​နေ့​ရက်​များ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

38. မည်​သို့​နည်း​ဟူ​မူ​ကား ရေ​မ​လွှမ်း​မိုး​မီ​ကာ​လ​၌ နော​ဧ​သည် သင်္ဘော​ထဲ​သို့ ဝင်​သည့်​နေ့​တိုင်​အောင် လူ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်၊ ပေး​စား​ဆောင်​နှင်း​လျက်​နေ​၍

39. ရေ​လွှမ်း​မိုး​ခြင်း​ရောက်​လာ​ပြီး သူ​တို့​အား​လုံး​ကို ဖယ်​ရှား​သုတ်​သင်​သည့်​တိုင်​အောင် သ​တိ​ကင်း​မဲ့​လျက်​နေ​ကြ​၏။ လူ့​သား​ကြွ​လာ​သော​အ​ခါ​၌​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 24