ရှင်​မဿဲ​ခ​ရစ်​ဝင် 24:23-26 Myanmar Standard Bible (MSB)

23. ထို​အ​ခါ တစ်​စုံ​တစ်​ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခ​ရစ်​တော်​သည် ဤ​အ​ရပ်​၌​ရှိ​၏’ သို့​မ​ဟုတ် ‘ထို​အ​ရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

24. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​အ​တု​အ​ယောင်​များ​နှင့် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​ပေါ်​လာ​၍ ဖြစ်​နိုင်​လျှင် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​ရန် ကြီး​မား​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဩ​ဖွယ်​ရာ​များ​ကို ပြု​ကြ​လိမ့်​မည်။

25. နား​ထောင်​ကြ​လော့။ သင်​တို့​အား ငါ​ကြို​တင်​ပြော​ထား​ပြီ။

26. ထို့​ကြောင့် လူ​တို့​က ‘ကြည့်​လော့။ ကိုယ်​တော်​သည် တော​ကန္တာ​ရ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း ထွက်​မ​သွား​ကြ​နှင့်။ ‘ကြည့်​လော့။ အိမ်​အ​တွင်း​ခန်း​ထဲ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 24