ရှင်​မဿဲ​ခ​ရစ်​ဝင် 23:9-19 Myanmar Standard Bible (MSB)

9. မြေ​ကြီး​ပေါ်​၌ မည်​သူ့​ကို​မျှ အ​ဖ​ဟူ​၍​လည်း မ​ခေါ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​တွင် ကောင်း​ကင်​ဘုံ​ရှင် အ​ဖ​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။

10. သင်​တို့​သည် ခေါင်း​ဆောင်​ဟု​လည်း ခေါ်​ဝေါ်​ခြင်း​ကို​မ​ခံ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​၏​ခေါင်း​ဆောင်​သည် ခ​ရစ်​တော်​တစ်​ပါး​တည်း​ဖြစ်​၏။

11. သင်​တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သော​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။

12. မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သော​သူ​သည် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

13. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​ကို လူ​တို့​ရှေ့​၌​ပိတ်​ထား​၍ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း ဝင်​ခွင့်​မ​ပေး​ကြ။

14. [သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် မု​ဆိုး​မ​တို့​၏​အိမ်​ကို မ​တ​ရား​သိမ်း​ယူ​ပြီး ဟန်​ပြ​၍ ရှည်​လျား​စွာ​ဆု​တောင်း​တတ်​ကြ​၏။ ထို့​ကြောင့် သင်​တို့​သည် ပို​၍​ကြီး​လေး​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။]

15. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် လူ​တစ်​ဦး​ကို ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​စေ​ရန် ပင်​လယ်​နှင့်​ကုန်း​မြေ​တို့​တွင် လှည့်​လည်​ကြ​ပြီး ဘာ​သာ​ဝင်​ဖြစ်​လာ​သော​အ​ခါ ထို​သူ​ကို သင်​တို့​ထက် နှစ်​ဆ​ဆိုး​သော​င​ရဲ​သား​ဖြစ်​စေ​ကြ​၏။

16. မျက်​စိ​မ​မြင်​သော​လမ်း​ပြ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​က မည်​သူ​မ​ဆို ဗိ​မာန်​တော်​ကို တိုင်​တည်​ပြော​ဆို​လျှင် အ​ကျုံး​မ​ဝင်။ သို့​သော် ဗိ​မာန်​တော်​၏​ရွှေ​ကို တိုင်​တည်​ပြော​ဆို​လျှင် ထို​အ​တိုင်း​ပြု​ရန်​တာ​ဝန်​ရှိ​၏​ဟု ဆို​ကြ​၏။

17. မိုက်​မဲ​သော​မျက်​မ​မြင်​တို့၊ မည်​သည့်​အ​ရာ​သည် ပို​၍​ကြီး​မြတ်​သ​နည်း။ ထို​ရွှေ​လော သို့​မ​ဟုတ် ထို​ရွှေ​ကို​သန့်​ရှင်း​စေ​သည့် ဗိ​မာန်​တော်​လော။

18. ထို့​ပြင် သင်​တို့​က မည်​သူ​မ​ဆို ယဇ်​ပလ္လင်​ကို တိုင်​တည်​ပြော​ဆို​လျှင် အ​ကျုံး​မ​ဝင်။ သို့​သော် ယဇ်​ပလ္လင်​ပေါ်​၌​ရှိ​သော ပူ​ဇော်​သက္ကာ​ကို တိုင်​တည်​ပြော​ဆို​လျှင် ထို​အ​တိုင်း​ပြု​ရန် တာ​ဝန်​ရှိ​၏’​ဟု ဆို​ကြ​၏။

19. မျက်​မ​မြင်​တို့၊ မည်​သည့်​အ​ရာ​သည် ပို​၍​ကြီး​မြတ်​သ​နည်း။ ပူ​ဇော်​သက္ကာ​လော သို့​မ​ဟုတ် ပူ​ဇော်​သက္ကာ​ကို​သန့်​ရှင်း​စေ​သည့် ယဇ်​ပလ္လင်​လော။

ရှင်​မဿဲ​ခ​ရစ်​ဝင် 23