ရှင်​မဿဲ​ခ​ရစ်​ဝင် 23:5-22 Myanmar Standard Bible (MSB)

5. သူ​တို့​သည် မိ​မိ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို လူ​တို့​မြင်​စေ​ရန်​သာ​ပြု​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် မိ​မိ​တို့​၏​ကျမ်း​လက်​ဖွဲ့​အ​ဆောင်​များ​ကို​ကြီး​စွာ​လုပ်​၍ ဝတ်​ရုံ​ပန်း​ဖွား​များ​ကို ရှည်​လျား​စွာ​ထား​ကြ​၏။

6. စား​သောက်​ပွဲ​များ​၌ အ​ထူး​နေ​ရာ​ကို​လည်း​ကောင်း၊ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ အ​ထူး​ထိုင်​ခုံ​များ​ကို​လည်း​ကောင်း၊

7. ဈေး​အ​ရပ်​၌ နှုတ်​ဆက်​ခံ​ရ​ခြင်း​ကို​လည်း​ကောင်း၊ သူ​တို့​ကို​ရဗ္ဗိ​ဟု​လူ​တို့​ခေါ်​ဝေါ်​ကြ​သည်​ကို​လည်း​ကောင်း နှစ်​သက်​ကြ​၏။

8. သို့​သော် သင်​တို့​သည် ရဗ္ဗိ​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​မ​ခံ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​၏​ဆ​ရာ​သည် တစ်​ပါး​တည်း​သာ​ရှိ​၍ သင်​တို့​အား​လုံး​သည် ညီ​အစ်​ကို​များ​ဖြစ်​ကြ​၏။

9. မြေ​ကြီး​ပေါ်​၌ မည်​သူ့​ကို​မျှ အ​ဖ​ဟူ​၍​လည်း မ​ခေါ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​တွင် ကောင်း​ကင်​ဘုံ​ရှင် အ​ဖ​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။

10. သင်​တို့​သည် ခေါင်း​ဆောင်​ဟု​လည်း ခေါ်​ဝေါ်​ခြင်း​ကို​မ​ခံ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​၏​ခေါင်း​ဆောင်​သည် ခ​ရစ်​တော်​တစ်​ပါး​တည်း​ဖြစ်​၏။

11. သင်​တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သော​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။

12. မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သော​သူ​သည် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

13. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​ကို လူ​တို့​ရှေ့​၌​ပိတ်​ထား​၍ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း ဝင်​ခွင့်​မ​ပေး​ကြ။

14. [သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် မု​ဆိုး​မ​တို့​၏​အိမ်​ကို မ​တ​ရား​သိမ်း​ယူ​ပြီး ဟန်​ပြ​၍ ရှည်​လျား​စွာ​ဆု​တောင်း​တတ်​ကြ​၏။ ထို့​ကြောင့် သင်​တို့​သည် ပို​၍​ကြီး​လေး​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။]

15. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် လူ​တစ်​ဦး​ကို ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​စေ​ရန် ပင်​လယ်​နှင့်​ကုန်း​မြေ​တို့​တွင် လှည့်​လည်​ကြ​ပြီး ဘာ​သာ​ဝင်​ဖြစ်​လာ​သော​အ​ခါ ထို​သူ​ကို သင်​တို့​ထက် နှစ်​ဆ​ဆိုး​သော​င​ရဲ​သား​ဖြစ်​စေ​ကြ​၏။

16. မျက်​စိ​မ​မြင်​သော​လမ်း​ပြ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​က မည်​သူ​မ​ဆို ဗိ​မာန်​တော်​ကို တိုင်​တည်​ပြော​ဆို​လျှင် အ​ကျုံး​မ​ဝင်။ သို့​သော် ဗိ​မာန်​တော်​၏​ရွှေ​ကို တိုင်​တည်​ပြော​ဆို​လျှင် ထို​အ​တိုင်း​ပြု​ရန်​တာ​ဝန်​ရှိ​၏​ဟု ဆို​ကြ​၏။

17. မိုက်​မဲ​သော​မျက်​မ​မြင်​တို့၊ မည်​သည့်​အ​ရာ​သည် ပို​၍​ကြီး​မြတ်​သ​နည်း။ ထို​ရွှေ​လော သို့​မ​ဟုတ် ထို​ရွှေ​ကို​သန့်​ရှင်း​စေ​သည့် ဗိ​မာန်​တော်​လော။

18. ထို့​ပြင် သင်​တို့​က မည်​သူ​မ​ဆို ယဇ်​ပလ္လင်​ကို တိုင်​တည်​ပြော​ဆို​လျှင် အ​ကျုံး​မ​ဝင်။ သို့​သော် ယဇ်​ပလ္လင်​ပေါ်​၌​ရှိ​သော ပူ​ဇော်​သက္ကာ​ကို တိုင်​တည်​ပြော​ဆို​လျှင် ထို​အ​တိုင်း​ပြု​ရန် တာ​ဝန်​ရှိ​၏’​ဟု ဆို​ကြ​၏။

19. မျက်​မ​မြင်​တို့၊ မည်​သည့်​အ​ရာ​သည် ပို​၍​ကြီး​မြတ်​သ​နည်း။ ပူ​ဇော်​သက္ကာ​လော သို့​မ​ဟုတ် ပူ​ဇော်​သက္ကာ​ကို​သန့်​ရှင်း​စေ​သည့် ယဇ်​ပလ္လင်​လော။

20. ထို့​ကြောင့် ယဇ်​ပလ္လင်​ကို တိုင်​တည်​ပြော​ဆို​သော​သူ​သည် ယဇ်​ပလ္လင်​နှင့်​တ​ကွ ၎င်း​အ​ပေါ်​၌​ရှိ​သ​မျှ​တို့​ကို တိုင်​တည်​ပြော​ဆို​၏။

21. ထို့​အ​တူ ဗိ​မာန်​တော်​ကို တိုင်​တည်​ပြော​ဆို​သော​သူ​သည် ဗိ​မာန်​တော်​နှင့်​တ​ကွ ၎င်း​တွင်​ကိန်း​ဝပ်​တော်​မူ​သော​အ​ရှင်​ကို တိုင်​တည်​ပြော​ဆို​၏။

22. ကောင်း​ကင်​ကို တိုင်​တည်​ပြော​ဆို​သော​သူ​သည်​လည်း ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​နှင့်​တ​ကွ ၎င်း​အ​ပေါ်​၌ ထိုင်​တော်​မူ​သော​အ​ရှင်​ကို တိုင်​တည်​ပြော​ဆို​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 23