ရှင်​မဿဲ​ခ​ရစ်​ဝင် 23:32-34 Myanmar Standard Bible (MSB)

32. သင်​တို့​သည်​လည်း သင်​တို့​ဘိုး​ဘေး​များ​၏​အ​ပြစ်​ပ​မာ​ဏ​ကို​ပြည့်​အောင် ဖြည့်​စွက်​ကြ​လော့။

33. အ​ချင်း​မြွေ​တို့၊ မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် င​ရဲ​၌​အ​ပြစ်​စီ​ရင်​ခံ​ရ​ခြင်း​မှ မည်​ကဲ့​သို့​လွတ်​မြောက်​နိုင်​ကြ​မည်​နည်း။

34. ထို့​ကြောင့် ငါ​သည် ပ​ရော​ဖက်​များ၊ ပ​ညာ​ရှိ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​များ​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​မည်။ ထို​အ​ခါ သင်​တို့​သည် သူ​တို့​ထဲ​မှ အ​ချို့​တို့​ကို​သတ်​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး အ​ချို့​တို့​ကို သင်​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ဒဏ်​ခတ်​ရိုက်​နှက်​ကာ တစ်​မြို့​မှ​တစ်​မြို့​သို့ လိုက်​လံ​ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 23