ရှင်​မဿဲ​ခ​ရစ်​ဝင် 23:27-39 Myanmar Standard Bible (MSB)

27. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ထုံး​ဖြူ​သုတ်​ထား​သည့် သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ ၎င်း​တို့​သည် အ​ပြင်​ဘက်​၌ တင့်​တယ်​စွာ​ထင်​ရှား​သော်​လည်း အ​တွင်း​၌​ကား လူ​သေ​တို့​၏​အ​ရိုး​များ​နှင့် ညစ်​ညူး​သော​အ​ရာ​အ​မျိုး​မျိုး​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​ကြ​၏။

28. ထို​နည်း​တူ သင်​တို့​သည်​လည်း အ​ပြင်​ဘက်​၌ လူ​တို့​ရှေ့​တွင် ဖြောင့်​မတ်​ဟန်​ရှိ​ကြ​သော်​လည်း အ​တွင်း​၌​ကား သူ​တော်​ကောင်း​ယောင်​ဆောင်​ခြင်း​နှင့် တ​ရား​မဲ့​ခြင်း​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​ကြ​၏။

29. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ပ​ရော​ဖက်​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တည်​ဆောက်​၍ ဖြောင့်​မတ်​သော​သူ​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တန်​ဆာ​ဆင်​ကာ

30. ‘ငါ​တို့​သည် ငါ​တို့​၏​ဘိုး​ဘေး​များ​လက်​ထက်​၌​ရှိ​ခဲ့​လျှင် ပ​ရော​ဖက်​တို့​ကို သွေး​မြေ​ကျ​စေ​သော​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​ကြ​မည်​မ​ဟုတ်’​ဟု ပြော​ကြ​၏။

31. ဤ​သို့​ဖြင့် သင်​တို့​သည် ပ​ရော​ဖက်​တို့​ကို​သတ်​ခဲ့​သော​သူ​တို့​၏​အ​မျိုး​အ​နွယ်​များ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်​တိုင်​သက်​သေ​ခံ​ကြ​၏။

32. သင်​တို့​သည်​လည်း သင်​တို့​ဘိုး​ဘေး​များ​၏​အ​ပြစ်​ပ​မာ​ဏ​ကို​ပြည့်​အောင် ဖြည့်​စွက်​ကြ​လော့။

33. အ​ချင်း​မြွေ​တို့၊ မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် င​ရဲ​၌​အ​ပြစ်​စီ​ရင်​ခံ​ရ​ခြင်း​မှ မည်​ကဲ့​သို့​လွတ်​မြောက်​နိုင်​ကြ​မည်​နည်း။

34. ထို့​ကြောင့် ငါ​သည် ပ​ရော​ဖက်​များ၊ ပ​ညာ​ရှိ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​များ​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​မည်။ ထို​အ​ခါ သင်​တို့​သည် သူ​တို့​ထဲ​မှ အ​ချို့​တို့​ကို​သတ်​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး အ​ချို့​တို့​ကို သင်​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ဒဏ်​ခတ်​ရိုက်​နှက်​ကာ တစ်​မြို့​မှ​တစ်​မြို့​သို့ လိုက်​လံ​ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။

35. သို့​ဖြစ်​၍ ဖြောင့်​မတ်​သော​သူ၊ အာ​ဗေ​လ​၏​သွေး​မှ​စ​၍ ဗိ​မာန်​တော်​နှင့်​ယဇ်​ပလ္လင်​ကြား​တွင် သင်​တို့​သတ်​ခဲ့​သော ဗာ​ရ​ခိ​၏​သား ဇာ​ခ​ရိ​၏​သွေး​တိုင်​အောင် မြေ​ကြီး​ပေါ်​၌ သွန်း​လောင်း​ခြင်း​ခံ​ရ​သည့် ဖြောင့်​မတ်​သော​သူ​တို့​၏​သွေး​ကြွေး​ရှိ​သ​မျှ​သည် သင်​တို့​အ​ပေါ်​သို့ ကျ​ရောက်​လိမ့်​မည်။

36. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဤ​အ​ရာ​အား​လုံး​တို့​သည် ဤ​မျိုး​ဆက်​အ​ပေါ် ကျ​ရောက်​လိမ့်​မည်။

37. အို ဂျေ​ရု​ဆ​လင်​မြို့၊ ဂျေ​ရု​ဆ​လင်​မြို့၊ ပ​ရော​ဖက်​များ​ကို​သတ်​၍ မိ​မိ​ထံ​သို့ စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်​မ​သည် မိ​မိ​၏​ကြက်​က​လေး​များ​ကို အ​တောင်​အောက်​၌​စု​သိမ်း​သ​ကဲ့​သို့ ငါ​သည် သင်​၏​သား​သ​မီး​တို့​ကို​စု​သိမ်း​ရန် ကြိမ်​ဖန်​များ​စွာ အ​လို​ရှိ​ခဲ့​၏။ သို့​သော် သင်​သည်​အ​လို​မ​ရှိ။

38. ကြည့်​ရှု​လော့။ သင်​တို့​၏​အိမ်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​အ​ဖြစ် သင်​တို့​ထံ​၌ စွန့်​ပစ်​ထား​ခြင်း​ခံ​ရ​လိမ့်​မည်။

39. သင်​တို့​အား ငါ​ဆို​သည်​ကား ‘ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​၌ ကြွ​လာ​တော်​မူ​သော​အ​ရှင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း’​ဟု သင်​တို့​မ​ပြော​မီ​တိုင်​အောင် ယ​ခု​မှ​စ​၍ သင်​တို့​သည် ငါ့​ကို​လုံး​ဝ​မြင်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 23