ရှင်​မဿဲ​ခ​ရစ်​ဝင် 23:15-18 Myanmar Standard Bible (MSB)

15. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် လူ​တစ်​ဦး​ကို ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​စေ​ရန် ပင်​လယ်​နှင့်​ကုန်း​မြေ​တို့​တွင် လှည့်​လည်​ကြ​ပြီး ဘာ​သာ​ဝင်​ဖြစ်​လာ​သော​အ​ခါ ထို​သူ​ကို သင်​တို့​ထက် နှစ်​ဆ​ဆိုး​သော​င​ရဲ​သား​ဖြစ်​စေ​ကြ​၏။

16. မျက်​စိ​မ​မြင်​သော​လမ်း​ပြ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​က မည်​သူ​မ​ဆို ဗိ​မာန်​တော်​ကို တိုင်​တည်​ပြော​ဆို​လျှင် အ​ကျုံး​မ​ဝင်။ သို့​သော် ဗိ​မာန်​တော်​၏​ရွှေ​ကို တိုင်​တည်​ပြော​ဆို​လျှင် ထို​အ​တိုင်း​ပြု​ရန်​တာ​ဝန်​ရှိ​၏​ဟု ဆို​ကြ​၏။

17. မိုက်​မဲ​သော​မျက်​မ​မြင်​တို့၊ မည်​သည့်​အ​ရာ​သည် ပို​၍​ကြီး​မြတ်​သ​နည်း။ ထို​ရွှေ​လော သို့​မ​ဟုတ် ထို​ရွှေ​ကို​သန့်​ရှင်း​စေ​သည့် ဗိ​မာန်​တော်​လော။

18. ထို့​ပြင် သင်​တို့​က မည်​သူ​မ​ဆို ယဇ်​ပလ္လင်​ကို တိုင်​တည်​ပြော​ဆို​လျှင် အ​ကျုံး​မ​ဝင်။ သို့​သော် ယဇ်​ပလ္လင်​ပေါ်​၌​ရှိ​သော ပူ​ဇော်​သက္ကာ​ကို တိုင်​တည်​ပြော​ဆို​လျှင် ထို​အ​တိုင်း​ပြု​ရန် တာ​ဝန်​ရှိ​၏’​ဟု ဆို​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 23