ရှင်​မဿဲ​ခ​ရစ်​ဝင် 23:1-15 Myanmar Standard Bible (MSB)

1. ထို့​နောက် ယေ​ရှု​သည် လူ​ထု​ပ​ရိ​သတ်​များ​နှင့် တ​ပည့်​တော်​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ

2. “ကျမ်း​ပြု​ဆ​ရာ​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် မော​ရှေ​၏​ထိုင်​ခုံ​ပေါ်​၌ ထိုင်​နေ​ကြ​၏။

3. ထို့​ကြောင့် သင်​တို့​အား သူ​တို့​ပြော​သ​မျှ​သော​အ​ရာ​အား​လုံး​ကို ကျင့်​သုံး​၍ စောင့်​ထိန်း​ကြ​လော့။ သို့​သော် သူ​တို့​ပြု​သည့်​အ​တိုင်း မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ပြော​သော်​လည်း မ​ကျင့်​သုံး​ကြ။

4. သူ​တို့​သည် လေး​လံ​၍ ထမ်း​ရ​ခက်​သော​ဝန်​များ​ကို ထုပ်​ပိုး​လျက် လူ​တို့​၏​ပ​ခုံး​ပေါ်​တင်​တတ်​ကြ​၏။ သူ​တို့​ကိုယ်​တိုင်​က​မူ ၎င်း​တို့​ကို မိ​မိ​တို့​၏​လက်​ဖျား​နှင့်​မျှ မ​ရွှေ့​လို​ကြ။

5. သူ​တို့​သည် မိ​မိ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို လူ​တို့​မြင်​စေ​ရန်​သာ​ပြု​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် မိ​မိ​တို့​၏​ကျမ်း​လက်​ဖွဲ့​အ​ဆောင်​များ​ကို​ကြီး​စွာ​လုပ်​၍ ဝတ်​ရုံ​ပန်း​ဖွား​များ​ကို ရှည်​လျား​စွာ​ထား​ကြ​၏။

6. စား​သောက်​ပွဲ​များ​၌ အ​ထူး​နေ​ရာ​ကို​လည်း​ကောင်း၊ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ အ​ထူး​ထိုင်​ခုံ​များ​ကို​လည်း​ကောင်း၊

7. ဈေး​အ​ရပ်​၌ နှုတ်​ဆက်​ခံ​ရ​ခြင်း​ကို​လည်း​ကောင်း၊ သူ​တို့​ကို​ရဗ္ဗိ​ဟု​လူ​တို့​ခေါ်​ဝေါ်​ကြ​သည်​ကို​လည်း​ကောင်း နှစ်​သက်​ကြ​၏။

8. သို့​သော် သင်​တို့​သည် ရဗ္ဗိ​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​မ​ခံ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​၏​ဆ​ရာ​သည် တစ်​ပါး​တည်း​သာ​ရှိ​၍ သင်​တို့​အား​လုံး​သည် ညီ​အစ်​ကို​များ​ဖြစ်​ကြ​၏။

9. မြေ​ကြီး​ပေါ်​၌ မည်​သူ့​ကို​မျှ အ​ဖ​ဟူ​၍​လည်း မ​ခေါ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​တွင် ကောင်း​ကင်​ဘုံ​ရှင် အ​ဖ​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။

10. သင်​တို့​သည် ခေါင်း​ဆောင်​ဟု​လည်း ခေါ်​ဝေါ်​ခြင်း​ကို​မ​ခံ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​၏​ခေါင်း​ဆောင်​သည် ခ​ရစ်​တော်​တစ်​ပါး​တည်း​ဖြစ်​၏။

11. သင်​တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သော​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။

12. မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သော​သူ​သည် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

13. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​ကို လူ​တို့​ရှေ့​၌​ပိတ်​ထား​၍ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း ဝင်​ခွင့်​မ​ပေး​ကြ။

14. [သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် မု​ဆိုး​မ​တို့​၏​အိမ်​ကို မ​တ​ရား​သိမ်း​ယူ​ပြီး ဟန်​ပြ​၍ ရှည်​လျား​စွာ​ဆု​တောင်း​တတ်​ကြ​၏။ ထို့​ကြောင့် သင်​တို့​သည် ပို​၍​ကြီး​လေး​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။]

15. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် လူ​တစ်​ဦး​ကို ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​စေ​ရန် ပင်​လယ်​နှင့်​ကုန်း​မြေ​တို့​တွင် လှည့်​လည်​ကြ​ပြီး ဘာ​သာ​ဝင်​ဖြစ်​လာ​သော​အ​ခါ ထို​သူ​ကို သင်​တို့​ထက် နှစ်​ဆ​ဆိုး​သော​င​ရဲ​သား​ဖြစ်​စေ​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 23