26. ဒုတိယညီနှင့်တတိယညီမှစ၍ ခုနစ်ယောက်မြောက်တိုင်အောင် ထိုနည်းတူဖြစ်ကြပါသည်။
27. နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
28. သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာကာလ၌ ထိုမိန်းမသည် ထိုခုနစ်ဦးတို့ထဲမှ မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား သူတို့အားလုံးသည် ထိုမိန်းမနှင့်ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။
29. ယေရှုကလည်း “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိ၍ အယူလွဲနေကြ၏။
30. အကြောင်းမူကား ရှင်ပြန်ထမြောက်ရာကာလ၌ လူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိဘဲ ကောင်းကင်၌ရှိသော ကောင်းကင်တမန်များကဲ့သို့ ဖြစ်ကြ၏။