ရှင်​မဿဲ​ခ​ရစ်​ဝင် 22:18-22 Myanmar Standard Bible (MSB)

18. သို့​သော် ယေ​ရှု​သည် သူ​တို့​၏​ဆိုး​ညစ်​မှု​ကို​သိ​တော်​မူ​၍ “သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို​စမ်း​သပ်​ကြ​သ​နည်း။

19. အ​ခွန်​ငွေဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့”​ဟု မိန့်​တော်​မူ​လျှင် သူ​တို့​သည် ဒေ​နာ​ရိ​တစ်​ပြား​ကို အ​ထံ​တော်​သို့​ယူ​လာ​ကြ​၏။

20. ကိုယ်​တော်​က​လည်း “ဤ​သည်​ကား မည်​သူ​၏​ပုံ၊ မည်​သူ​၏​ကမ္ပည်း​စာ​ဖြစ်​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

21. သူ​တို့​က “ဆီ​ဇာ​ဧ​က​ရာဇ်​၏​ပုံ​နှင့်​ကမ္ပည်း​စာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်​တော်​က​လည်း “သို့​ဖြစ်​လျှင် ဆီ​ဇာ​ဧ​က​ရာဇ်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဆီ​ဇာ​ဧ​က​ရာဇ်​အား​ဆက်​သ​၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​အား​ဆက်​သ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

22. သူ​တို့​သည် ထို​စ​ကား​ကို​ကြား​ရ​သော​အ​ခါ အံ့​ဩ​၍ ကိုယ်​တော်​ထံ​မှ ထွက်​သွား​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 22